ကော်သူးလေ တည်ဆောက်ရေးတွင် ပါဝင်ရန် ကရင်လူငယ်များကို KILC ညီလာခံ ဖိတ်ခေါ်

ကော်သူးလေ တည်ဆောက်ရေးတွင် ပါဝင်ရန် ကရင်လူငယ်များကို KILC ညီလာခံ ဖိတ်ခေါ်
ဓါတ်ပုံ - KILC
ဓါတ်ပုံ - KILC

ဒေသအသီးသီးမှ အလွှာစုံ ကရင်မျိုးဆက် ခေါင်းဆောင်များနှင့် လူငယ်များ ပါဝင်မည့် တတိယအကြိမ်မြောက် Karen Intergenerational Leadership Conference (KILC) ညီလာခံအတွက် ကရင်လူငယ်ခေါင်းဆောင်များ ကို ဖိတ်ခေါ်ထားကြောင်း ဦးဆောင်စီစဉ်သူများက ပြောသည်။

ကရင့်တော်လှန်ရေးကို အထောက်အကူပြုရန်နှင့် ကော်သူးလေ တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် မိမိတို့ တတ်ကျွမ်းသည့် ပညာရပ်၊ ကျွမ်းကျင်မှုများဖြင့် ပူးပေါင်းပါဝင်လိုသည့် ကရင်လူငယ်များ ပါဝင်လာစေရန် ဖိတ်ခေါ်ခြင်းဖြစ်သည်။

တွေ့ဆုံပွဲကို ဦးဆောင်ပါဝင်သူ စောလယ်နယ်က “ဒီညီလာခံမှာ အရင်မျိုးဆက်နဲ့ အခုလက်ရှိမျိုးဆက်တွေကို တွေ့ဆုံပြီး သမိုင်းအတွေ့အကြုံတွေ၊ ဖြတ်သန်းလာရတဲ့ အခက်အခဲ၊ စိန်ခေါ်ချက်၊ အားသာချက်၊ အားနည်း ချက်တွေနဲ့ လက်ရှိလူငယ်တွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို မျှဝေဖလှယ်ပြီး အတူတကွ လက်တွဲ သွားနိုင်ဖို့ ရည်ရွယ်တာပါ” ဟု ပြောသည်။

ယခင် KILC ညီလာခံတွင် အနာဂတ် ကော်သူးလေ တည်ဆောက်ရေးအတွက် အတွေးအခေါ်သစ်များ ဖော် ထုတ်ခြင်း၊ ဦးဆောင်တည်ဆောက်နိုင်ရေးနှင့် ကရင်အမျိုးသားရေး လုပ်ငန်းစဉ်များတွင် လက်ရှိခေါင်းဆောင် များနှင့် မျိုးဆက်သစ် ခေါင်းဆောင်များအကြား ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်းလာရေးတို့ကို အလေးထား ဆွေးနွေးခဲ့ကြသည်။

ဒုတိယအကြိမ် ညီလာခံသို့ တက်ရောက်ခဲ့သူ နော်ဆာသဲက “ဒီညီလာခံကို တက်ရောက်ခြင်းအားဖြင့် ခေါင်း ဆောင်မှု အပိုင်းတွေတင်မကဘဲ ကော်သူးလေ တည်ဆောက်ရေးအတွက် ဘယ်လိုပုံစံ၊ ဘယ်လိုနည်းဗျူဟာတွေ နဲ့ ဆွေးနွေးနေကြလဲဆိုတာ အမြင်တွေ ပိုရှင်းလာတယ်။ ကိုယ်တိုင် ဘယ်အပိုင်းမှာ ပါဝင်ရမလဲဆိုတဲ့ လမ်း ကြောင်းကိုလည်း ပိုပြီး ကွင်းကွင်းကွက်ကွက် မြင်လာတယ်” ဟု ပြောသည်။

ထို့ပြင် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်တွင် စိတ်အားထက်သန်သည့် လူငယ်များအနေဖြင့် တွေ့ဆုံဆွေးနွေးမှု များ၌ ပါဝင်သင့်ကြောင်းလည်း ၎င်းက တိုက်တွန်းထားသည်။

ညီလာခံ တက်ရောက်လိုသူများအနေဖြင့် ဩဂုတ်လ ၃ ရက်မှ ၃၁ ရက်အထိ လျှောက်လွှာ ပေးပို့နိုင်ပြီး ရွေးချယ် ခံရသူများကို စက်တင်ဘာလ ၇ ရက်နေ့တွင် အသိပေး အကြောင်းကြားမည်ဖြစ်သည်။

KILC ညီလာခံကို ၂၀၂၄ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ ကျင်းပခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ဒုတိယအကြိမ်မြောက် ကျင်းပခဲ့သည်။

ယခု တတိယအကြိမ် KILC ညီလာခံကိုမူ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ကော်သူးလေ ထိန်းချုပ်နယ် မြေ တစ်နေရာ၌ ကျင်းပရန် စီစဉ်ထားသည်။

August 31, 2026
စစ်အုပ်စုသည် ၎င်းတို့၏ “ရက် (၁၀၀) စီမံကိန်း” တွင် ပြည်သူများ၏ လူမှုစီးပွား တည်ငြိမ်ရေးနှင့်...
August 31, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူး-ဝေါလေလမ်းပိုင်းရှိ သဲဖြူချောင်းအထက် တောင်ကျောနေရာသို့...
ချင်းပြည်ကောင်စီ၏ အစီရင်ခံစာမိတ်ဆက် သတင်းစာရှင်းလင်းပွဲ / Press Conference & CNF
August 29, 2026
ရည်ရွယ်ချက်၊ ဦးတည်ချက်ချင်း တူညီသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်...
ဓာတ်ပုံ - (မယ်လဒုက္ခသည်စခန်း / KIC)
August 28, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းတွင် နာတာရှည်ရောဂါ...