ဗန်းမောက်တွင် SNA တပ်သား အလောင်း ၆ လောင်းတွေ့ရှိ

ဗန်းမောက်တွင် SNA တပ်သား အလောင်း ၆ လောင်းတွေ့ရှိ
ဗန်းမောက်နယ်တွင် ရှမ်းနီးအမျိုးသားတပ်မတော် SNA တပ်သား ၆ ဦး၏ ရုပ်အလောင်းများ၏
ဗန်းမောက်နယ်တွင် ရှမ်းနီးအမျိုးသားတပ်မတော် SNA တပ်သား ၆ ဦး၏ ရုပ်အလောင်းများ၏

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တွင် ပုပ်ပွနေသည့် SNA တပ်သား ရုပ်အလောင်း ၆ လောင်း တွေ့ရှိခဲ့သည်ဟု Banmauk Revolution BR အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ရုပ်အလောင်းများကို ဗန်းမောက်မြို့နယ် အနောက်ဘက် ဆိတ်စခူမှော်အနီးတွင် နယ်မြေရှင်းလင်းရေး ဝင် ရောက်ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပုပ်ပွကာအရိုးစုများပင် ဖြစ်နေခြင်းကြောင့် မြေမြုပ်သင်္ဂြိုဟ်ပေးခဲ့ရသည် ဟု Banmauk Revolution-BR အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Banmauk Revolution-BR တာဝန်ရှိသူတစ်ဦးက “ဧပြီလက ဖြစ်ခဲ့တဲ့တိုက်ပွဲကရုပ် အလောင်းတွေပါ အလောင်း က ၆ လောင်းတွေ့ခဲ့တာပါ။ ၅ရက်နေ့က နယ်မြေ ရှင်းလင်းရေး လုပ်ရင်းတွေ့ခဲ့တာပါ။ ရုပ်အလောင်းတွေက ပုပ် ပွပြီး အရိုးစုတွေဖြစ်နေလို့ မြေမြုပ်ပေးခဲ့ပါတယ်” ဟု ပြောသည်။

အဆိုပါ ရုပ်လောင်းများကို Banmauk Revolution-BR အဖွဲ့က မေလ ၅ ရက်နေ့တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ တွေ့ရှိခဲ့သည့် ရုပ်အလောင်းများသည် ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က SNA ပူးပေါင်းတပ်နှင့် ကာကွယ် ရေးတပ်ဖွဲ့များ အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းကျဆုံးခဲ့သည့် ရုပ်အလောင်းများဖြစ်ပြီး ဝတ်ထားသည့် ယူနီဖောင်းများအရ SNA တပ်သားများဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု သူကဆက်ပြောသည်။

အဆိုပါ တိုက်ပွဲတွင် SNA ပူးပေါင်းတပ်ဘက်က အကျအဆုံးများခဲ့ကာ ကာကွယ်ရေးတပ်ဘက်ကမူ ၂ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဧပြီလ ၂၈ ရက်နေ့က Banmauk Revolution-BR အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ဧပြီလမှ စတင်ကာ မေလ ၉ ရက်နေ့အထိ စစ်ကောင်စီ ပူးပေါင်းတပ်များနှင့် ကာကွယ်ရေးတပ်များ အကြား စစ်ရေးတင်းမာခဲ့သည့်အပြင် မေလ ၁၂ ရက်နေ့ (ယနေ့) နေ့လည်ပိုင်းတွင်လည်း SNA တပ်မတော်ဘက်က ဗန်းမောက်အနောက်ခြမ်း မံစီဒေသထဲရှိ ကျေးရွာများမှ ဒေသခံအမျိုးသားများကို စစ်သင်တန်းတက်ရမည် ဟု ဆိုကာ ကားသုံးစီးဖြင့် ခေါ်ဆောင်သွားခဲ့သည်ဟု Banmauk Revolution-BR မှ တာဝန်ရှိသူက ယခုကဲ့သို့ ဆက်ပြောသည်။

“ဒီရက်ပိုင်းတော့ စစ်ရေးကတော့ အေးဆေးပါပဲ။ ဗန်းမောက်အနောက်ခြမ်း မံစီဒေသတစ်ဝိုက်က ရွာတွေမှာ တော့ SNA က စစ်သင်တန်းတက်ရမယ်ဆိုပြီး ကားသုံးစီးနဲ့ အတင်းခေါ်သွားတာတွေတော့ရှိတယ်ဗျ” ဟု ပြော သည်။

ထို့အပြင် ဧပြီလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဗန်းမောက် အနောက်ခြမ်းရှိ ကျေးရွာများက ဒေသခံ တစ်သောင်းနီပါး ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

Most read this week

January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...