ဖယ်ခုံတွင် ရာသီတုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွား၍ လူ ၁၆၀ ခန့် ဖျားနာ

ဖယ်ခုံတွင် ရာသီတုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွား၍ လူ ၁၆၀ ခန့် ဖျားနာ
ဓာတ်ပုံ - ကယန်းအမျိုးသား ကျန်းမာရေးကော်မတီ (KNHC)
ဓာတ်ပုံ - ကယန်းအမျိုးသား ကျန်းမာရေးကော်မတီ (KNHC)

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မယ်စုံတောင်ကျေးရွာတွင် ဒေသခံများနှင့် စစ်ဘေးရှောင်များ အပါအဝင် လူဦးရေ ၁၆၀ ခန့် ရာသီတုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားနေကြပြီး စာသင်ကျောင်းကိုလည်း ခေတ္တ ပိတ်ထားရကြောင်း စစ်ဘေးရှောင်စခန်း ဥက္ကဋ္ဌက ပြောသည်။

စစ်ဘေးရှောင်စခန်း ဥက္ကဋ္ဌက “တုပ်ကွေးပဲထင်တယ်၊ ချောင်းဆိုးတယ်။ အယောက်တိုင်း ချောင်းဆိုးကြတယ်။ ဘုန်းကြီးလည်း ပြောတယ်၊ အခု ဘုရားကျောင်းတက်တာ ကလေးကော လူကြီးကော အကုန်လုံး ချောင်းဆိုး တယ်။ တစ်ရွာလုံး ဖြစ်ကြတယ်လို့ သူတို့ စာရင်းပို့လာတာ” ဟု ပြောသည်။

လက်ရှိတွင် ကျန်းမာရေး အခြေအနေများကြောင့် စာသင်ကျောင်းများကို ယာယီပိတ်ထားပြီး ရောဂါ သက်သာ ပျောက်ကင်းမှု အခြေအနေကို စောင့်ကြည့်လျက်ရှိသည်။

အဆိုပါ ကျေးရွာသည် ကယန်းအမျိုးသား ကျန်းမာရေးကော်မတီ (KNHC) ဆေးခန်းက ကျန်းမာရေး ဝန်ဆောင် မှုပေးနေသည့် နယ်မြေအတွင်း ပါဝင်ပြီး ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့ကလည်း လိုအပ်သော အရေးပေါ် ဆေးကုသမှုနှင့် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကို သွားရောက် ဆောင်ရွက်ပေးခဲ့ကြသည်။

ထို့ပြင် ပြင်းထန်သည့် ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများတွင် ကျန်းမာရေး ဝန်ဆောင်မှု မပျက်မကွက် ခံယူကြရန် KNHC က တိုက်တွန်းထားသည်။

ရာသီတုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှော လက္ခဏာများသည် ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားတတ်ပြီး အနည်းဆုံး ၇ ရက်မှ ၁၀ ရက်ခန့်အထိ ကြာမြင့်တတ်ကြောင်း KNHC က ဆိုသည်။

မိုးရာသီကာလအတွင်း ဝမ်းပျက်ဝမ်းလျှော ရောဂါများကို ကာကွယ်နိုင်ရန် သန့်ရှင်းသည့် ရေကို ကျိုချက် သောက်သုံးခြင်း၊ ဆပ်ပြာဖြင့် စနစ်တကျ လက်ဆေးခြင်း၊ အမှည့်လွန် အသီးအနှံများကို ရှောင်ကြဉ်ခြင်းနှင့် အစားအသောက်များကို ရေသန့်ဖြင့် သေချာ ဆေးကြော၍ ချက်ပြုတ် စားသုံးကြရန်လည်း KNHC က အသိပေး တိုက်တွန်းထားသည်။

စစ်ဘေးရှောင်တောင်သူများ / Crd
September 22, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (ရှေ့) မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်တောင်သူများ စိုက်ပျိုးထားသည့်...
စက်တင်ဘာလ ၅ ရက်နေ့က ဆိုမိုဖရေစိုးလေး (ရှားတော) မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုအပြီး ပျက်စီးမှုအခြေအနေ။ / Crd
September 21, 2026
ကရင်နီပြည်တွင် စစ်အုပ်စုတပ်၏ အသေခံဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စက်တင်ဘာလ...
ဓာတ်ပုံ - ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသူ မူအန်းဂျလာ။
September 21, 2026
ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့် ကွယ်လွန်ပြီးနောက် လစ်လပ်သွားသည့်...
ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...