CDF-Matupi က မတူပီမြို့နယ်က စစ်ဗျူဟာဌာနချုပ် စခန်းကို တိုက်ခိုက်၊ ဗိုလ်မှူးကြီး အပါအဝင် ၃ ဦးသေဆုံး

CDF-Matupi က မတူပီမြို့နယ်က စစ်ဗျူဟာဌာနချုပ် စခန်းကို တိုက်ခိုက်၊ ဗိုလ်မှူးကြီး အပါအဝင် ၃ ဦးသေဆုံး

ချင်းပြည်နယ် မတူပီမြို့နယ် မတူပီ-ဟားခါးလမ်းမပေါ်တွင် အခြေစိုက်ထားသော စစ်ကောင်စီတပ် စစ်ဗျူဟာ ဌာနချုပ် စခန်းကို ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ (CDF-Matupi) က ဝင်ရောက်စီးနင်းတိုက်ခိုက်ရာတွင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအပါအဝင် ၃ ဦး သေဆုံးခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ဗျူဟာ ဌာနချုပ် စခန်းကို မေလ (၅) ရက်နေ့ ညနေ (၄း၀၀) နာရီအချိန်မှာ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မတူပီ-ဟားခါး လမ်းမပေါ်တွင် အခြေစိုက်သည့် စစ်ကောင်စီ စစ်ဗျူဟာဌာနချုပ်စခန်းကို CDF-Matupi တပ်ဖွဲ့က အထူးစစ်ဆင်ရေး အဖြစ် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်မှ စစ်ဗျူဟာမှူး ဗိုလ်မှုးကြီး စိုးမင်းလတ်နှင့် ဗိုလ်မှူးတစ်ဦး သေဆုံးခဲ့သည်။

ထို့အပြင် စစ်ဗျူဟာမှူး ယာဉ်မောင်းတပ်သားတစ်ဦး စုစုပေါင်း (၃) ဦးသေဆုံးခဲ့ပြီး MA 3 တစ်လက် ရရှိခဲ့သည် ဟု CDF-Matupi က ထုတ်ပြန်သည်။

ယင်းတိုက်ပွဲတွင် ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

မတူပီမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ စစ်ယန္တရားများ လည်ပတ်နိုင်ရန် အထောက်အကူ ဖြစ်စေသော စစ်ကောင်စီမှ ခန့်အပ်ထားသော ရွေးကောက်ပွဲ ကော်မရှင်များ၊ ရုံးဝန်ထမ်းများနှင့် အခြား စစ်ကောင်စီ လက်ပါးစေများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟုလည်း CDF-Matupi က ထုတ်ပြန်ထားသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...