ရေးချောင်းဖျား စစ်ဘေးရှောင်များ ရေဘေးပါ ထပ်မံကြုံတွေ့

ရေးချောင်းဖျား စစ်ဘေးရှောင်များ ရေဘေးပါ ထပ်မံကြုံတွေ့

မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ တွေ့နေရသဖြင့် သွားလာရေးနှင့် စားဝတ်နေရေး အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ်လ ၂၀ ရက်နေ့မှစ၍ စစ်ဘေးရှောင်များ ခိုလှုံနေသည့် ကျောင်းရွာ ကျေးရွာတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေပြီး ချောင်းအနီး နေထိုင်သူများ အရေးပေါ် ပြောင်းရွှေ့နေကြရသည်။

“ဆွေမျိုးအသိအိမ်တွေမှာပဲ နေကြတယ်။ အခုကျောင်းရွာမှာလဲ ရေထပ်ကြီးနေတယ် သွားလာလို့လဲ မရနေဘူး ဖြစ်နေတယ်။ ရေက ခါးလောက်ရှိနေတယ်။ လှေနဲ့ပဲ သွားလာနေရတယ် လေယာဉ်ကဝဲလားမဝဲလားတော့ မသိဘူး။ မိုးရော လေရော ဖြစ်နေတော့ မကြားရဘူး” ဟု ရေးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဩဂုတ်လ ၁၁ ရက်နေ့က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်အုပ်စုတပ်မှ ကျောင်းရွာကျေးရွာ အုပ်စုကို လေယာဉ်ဖြင့် ကင်းထောက် ပျံဝဲနေသဖြင့် ကျေးရွာ ၅ ရွာထက်မနည်းမှ ဒေသခံ ၁,၀၀၀ နီးပါး နီးစပ်ရာ နေရာများတွင် တိမ်းရှောင်နေခဲ့ရခြင်း ဖြစ်သည်။

ဩဂုတ်လ ၂၁ ရက် မွန်းလွဲပိုင်းတွင် ကျောင်းရွာချောင်းရေ ၈ ပေခန့်သို့ လျော့ကျသွားသော်လည်း လမ်းများပေါ် တွင် ရေကျန်နေသေးသဖြင့် သွားလာ၍ မရသေးပေ။

ကျောင်းရွာမှ နတ်ကြီး - လိပ်ပုတ် - ချော့ထာကျေးရွာသို့ သွားသည့် ကားလမ်းပေါ်တွင်လည်း ရေ ၃ ပေခန့် ရှိနေပြီး ရေစီးသန်နေဆဲဖြစ်ရာ မော်တော်ဆိုင်ကယ်နှင့် မော်တော်ကားများ လုံးဝ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိသေးဘဲ လှေကိုသာ အဓိက အသုံးပြု သွားလာနေကြရသည်။

ကျောင်းရွာဒေသခံတစ်ဦးက “လှေနဲ့ သွားနေတယ် ဆိုင်ကယ်ကိုလည်း လှေနဲ့ သယ်နေတယ်။ အခုလိုပဲ မိုးက ဆက်ကောင်းနေရင် စားဖို့ အတွက်လည်း ခက်ခဲလာမယ်။ လောလောဆယ်က ဈေးဆိုင်းမှာ ရှိတာတွေ ရောင်း ကြတာပေါ့။ ကုန်သွားရင် ဒုက္ခပဲ ချောင်းရေကလည်း ကြမ်းနေ လမ်းကလည်း သွားမရတော့ စိုးရိမ်ရတာပဲ” ဟု ပြောသည်။

ယခုကဲ့သို့ သွားလာရေး ခက်ခဲနေသဖြင့် ကုန်စုံဆိုင်များတွင်လည်း လက်ကျန် ပစ္စည်းများကိုသာ ရောင်းချနေရ ပြီး ကုန်ပစ္စည်း ပြတ်လပ်မှု ဖြစ်ပေါ်လာမည်ကိုလည်း ဒေသခံများက စိုးရိမ်လျက် ရှိသည်။

(ပြန်/ဆက်) ဇူလိုင်လအတွင်း ပေါင်မြို့နယ်၌ စားအုန်းဆီ လာရောက် ရောင်းချပေးနေစဉ်။
August 21, 2026
မွန်ပြည်၊ ပေါင်မြို့နယ်ရှိ စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ ကောက်ခံနေသည့် စစ်မှုထမ်းကြေးကို...
ဓာတ်ပုံ - Crd
August 20, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း စစ်အုပ်စုတပ်က အင်အား ရာနှင့်ချီ...
(ဓာတ်ပုံ - Crd)
August 20, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာရှိ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းပိုင်း၌ ယနေ့ (ဩဂုတ်လ ၂၀...
(ဓာတ်ပုံ - MSDF / Crd)
August 19, 2026
မွန်ပြည်ကာကွယ်ရေးတပ် (MSDF) အနေဖြင့် နည်းပညာအကူအညီဖြင့် ပင်လယ်ပြင်နှင့် ရေကြောင်း စစ်ဆင်ရေးများ...