CDF-Matupi က မတူပီမြို့နယ်က စစ်ဗျူဟာဌာနချုပ် စခန်းကို တိုက်ခိုက်၊ ဗိုလ်မှူးကြီး အပါအဝင် ၃ ဦးသေဆုံး

CDF-Matupi က မတူပီမြို့နယ်က စစ်ဗျူဟာဌာနချုပ် စခန်းကို တိုက်ခိုက်၊ ဗိုလ်မှူးကြီး အပါအဝင် ၃ ဦးသေဆုံး

ချင်းပြည်နယ် မတူပီမြို့နယ် မတူပီ-ဟားခါးလမ်းမပေါ်တွင် အခြေစိုက်ထားသော စစ်ကောင်စီတပ် စစ်ဗျူဟာ ဌာနချုပ် စခန်းကို ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ (CDF-Matupi) က ဝင်ရောက်စီးနင်းတိုက်ခိုက်ရာတွင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအပါအဝင် ၃ ဦး သေဆုံးခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ဗျူဟာ ဌာနချုပ် စခန်းကို မေလ (၅) ရက်နေ့ ညနေ (၄း၀၀) နာရီအချိန်မှာ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မတူပီ-ဟားခါး လမ်းမပေါ်တွင် အခြေစိုက်သည့် စစ်ကောင်စီ စစ်ဗျူဟာဌာနချုပ်စခန်းကို CDF-Matupi တပ်ဖွဲ့က အထူးစစ်ဆင်ရေး အဖြစ် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်မှ စစ်ဗျူဟာမှူး ဗိုလ်မှုးကြီး စိုးမင်းလတ်နှင့် ဗိုလ်မှူးတစ်ဦး သေဆုံးခဲ့သည်။

ထို့အပြင် စစ်ဗျူဟာမှူး ယာဉ်မောင်းတပ်သားတစ်ဦး စုစုပေါင်း (၃) ဦးသေဆုံးခဲ့ပြီး MA 3 တစ်လက် ရရှိခဲ့သည် ဟု CDF-Matupi က ထုတ်ပြန်သည်။

ယင်းတိုက်ပွဲတွင် ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

မတူပီမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ စစ်ယန္တရားများ လည်ပတ်နိုင်ရန် အထောက်အကူ ဖြစ်စေသော စစ်ကောင်စီမှ ခန့်အပ်ထားသော ရွေးကောက်ပွဲ ကော်မရှင်များ၊ ရုံးဝန်ထမ်းများနှင့် အခြား စစ်ကောင်စီ လက်ပါးစေများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟုလည်း CDF-Matupi က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ -(ပုံဟောင်း / Crd)
August 28, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရသည် ဒေသန္တရအစိုးရများကို မြို့နယ်နှင့် ဒေသ ၁၉ ခုတွင်...
August 28, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်မြောက်ပိုင်း ဖလမ်းနှင့် တီးတိန်မြို့သို့ ဆက်သွယ်ထားသည့်...
August 26, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (...
August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...