ဂိတ်ကြေးပေးဆောင်ရမှုကြောင့် ကလေး-တီးတိန်-ဖလမ်း ကားခများ မြင့်တက်နေ

ဂိတ်ကြေးပေးဆောင်ရမှုကြောင့် ကလေး-တီးတိန်-ဖလမ်း ကားခများ မြင့်တက်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်မြောက်ပိုင်း ဖလမ်းနှင့် တီးတိန်မြို့သို့ ဆက်သွယ်ထားသည့် ကားလမ်း ပိုင်း၌ စစ်အုပ်စုတပ်၏ စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးအများအပြား ပေးဆောင်နေရသောကြောင့် ကားခ များ ဆက်လက်မြင့်တက်နေသည်။

စစ်အုပ်စုတပ်သည် ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်းကို အဓိက ဆက်သွယ်ထားသည့် ကားလမ်းမကြီး အား ပြန်လည်ထိန်းချုပ်ပြီးနောက် ယာဉ်အသွားအလာ ပြန်လည်ခွင့်ပြုခဲ့သော်လည်း စစ်ဆေးရေးဂိတ် အများအပြား ထားရှိကာ ဂိတ်ကြေး အဆမတန် ကောက်ခံနေကြောင်း တီးတိန်မြို့ခံတစ်ဦးက ပြောသည်။

“ကလေးနဲ့ တီးတိန်ကြားပုံမှန်လမ်းသုံးလို့ရပေမယ့် စစ်ကော်မရှင်တွေက လမ်းတလျှောက်လုံး နေရာယူတော့ လေ ဂိတ်ကြေးတွေက ပေးနေရတာ။ တစ်ဂိတ်မှာ ၂ သောင်းစီပေးရင်တောင်မှ ၇ ဂိတ်လောက်ရှိရင်တောင် တစ်သိန်း လေးသောင်းလောက် ဖြစ်နေပြီဆိုတော့ ကားသမားတွေကို အပြစ်ပြန်တင်လို့ မရပြန်ဘူး။ ဘာလို့လဲ ဆိုရင် သူတို့ကလည်း လမ်းမှာက ဂိတ်ကြေးထိုးတဲ့ဟာတွေက များတော့လေ။ ကလေးနဲ့ တီးတိန်ကြားမှာ ဂိတ်က ၉ ခုလောက်ကို ရှိတာ။”

လက်ရှိတွင် ကလေးမြို့မှ တီးတိန်မြို့သို့ မော်တော်ယာဉ်ခမှာ လူတစ်ဦးလျှင် ငွေကျပ် ၁ သိန်းခွဲမှ ၁ သိန်း၊ ၈ သောင်း အထိ ရှိနေပြီး ကလေးမြို့မှ ဖလမ်းမြို့သို့ ကားခမှာ ငွေကျပ် ၂ သိန်းခန့်အထိ ရှိနေသည်။

ကလေးမြို့မှ ချင်းပြည် မြောက်ပိုင်းသို့ ဆက်သွယ်ရာ၌ အဓိက အသုံးပြုသည့် ကလေး-သိုင်းငင်း လမ်းပိုင်းကို ပုံမှန် ပြန်လည်အသုံးပြုနိုင်ပြီဖြစ်သော်လည်း ယခုကဲ့သို့ ဂိတ်ကြေးနှင့် တန်ဆာခများ မြင့်တက်နေခြင်းကြောင့် အခြေခံ ကုန်ဈေးနှုန်းများမှာလည်း အကျမရှိဘဲ ဆက်လက် မြင့်တက်နေသည်။

တီးတိန်မြို့ဒေသခံက “တီးတိန်မြို့ပေါ်က ကုန်စုံဆိုင်တွေ၊ အလှပြင်ဆိုင်တွေ ဖွင့်ကြတယ် ပုံမှန်လည်ပတ်နေပြီ ကုန်ဈေးက အကျတော့မရှိဘူး အတက်ပိုင်းပဲရှိတယ်။ ဆိုင်ဖွင့်တဲ့သူတွေအတွက် တန်ဆာခက တော်တော်လေး များတာပေါ့ ကလေးကနေ တီးတိန် အထိကို ပါဆယ်သေးသေးလေး တစ်ဗူးကို ၁ သောင်း၊ ၁ သောင်းခွဲ အဲ့လိုပုံစံ အဲ့ဒါတာင်မှ နည်းနည်း လေးတယ်ဆိုရင် ၂ သောင်းလောက်တောင်းတာမျိုးရှိတယ် လွယ်တော့ မလွယ်ဘူး” ဟု ဆက် ပြောသည်။

ထို့ကြောင့် လမ်းကြောင်းတစ်လျှောက် ဂိတ်ကြေးကောက်ခံမှု အလွန်အမင်း များပြားနေခြင်းနှင့် သယ်ယူပို့ ဆောင်ရေး စရိတ်စက ကြီးမြင့်နေခြင်းတို့သည် ဒေသခံ ပြည်သူများအတွက် စားဝတ်နေရေးနှင့် စီးပွားရေးဆိုင် ရာ ဝန်ထုပ်ဝန်ပိုးများကို ပိုမိုဆိုးရွားစေလျက်ရှိသည်။

ဓါတ်ပုံ - (ပုံဟောင်း / Crd)

ဓာတ်ပုံ -(ပုံဟောင်း / Crd)
August 28, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရသည် ဒေသန္တရအစိုးရများကို မြို့နယ်နှင့် ဒေသ ၁၉ ခုတွင်...
August 26, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (...
August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...
August 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်အုပ်စုတပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန...