မဲဇာရဲစခန်းရှေ့ အမျိုးသားတစ်ဦး ပစ်သတ်ခံရမှုဖြစ်ပွား

မဲဇာရဲစခန်းရှေ့ အမျိုးသားတစ်ဦး ပစ်သတ်ခံရမှုဖြစ်ပွား

စစ်ကိုင်းတိုင်ဒေသကြီး အင်းတော်မြို့နယ် မဲဇာကျေးရွာ ရဲစခန်းရှေ့တွင် ယမန်ည ၁၀ နာရီဝန်းကျင် စခန်းရှေ့ဖြတ်သွားသည့် ပြည်သူတစ်ဦးကို စစ်ကောင်စီ ပစ်သတ်လိုက်ကြောင်းသိရသည်။

ပစ်သတ်ခံလိုက်ရသူသည် အလယ်ဆိပ်ကျေးရွာတွင် နေထိုင်သူ အသက် ၄၅ နှစ်အရွယ် ကိုစိုးနိုင်ခေါ်သူဖြစ်ပြီး မဲဇာကျေးရွာဘက်မှ အလယ်ဆိပ်သို့ ပြန်လာစဉ် မဲဇာရဲစခန်းရှေ့တွင် သေနတ်ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်ဟု အင်းတော် PDF တစ်ဦးထံမှသိရသည်။

“သူက ဘာရေးကြီးလဲတော့မသိဘူး။ မဲဇာကနေ အလယ်ဆိပ်ကိုအပြန် ရဲစခန်းရှေ့မှာ နောက်ကျောကနေ ပစ်သတ်ခံလိုက်ရတယ်။ သေနတ်ကျည်က သူ့ရဲ့ နောက်ကြောကနေ ဖောက်ဝင်သွားတာ။ အခုက ရဲစခန်းမှာက ရဲနဲ့ စစ်သားအတူနေကြတော့ ရဲပဲပစ်တာလား စစ်သားပစ်တာလား မသိလိုက်ဘူးဖြစ်တယ်”ဟုပြောသည်။

စစ်ကိုင်းတိုင်းအတွင်း အင်းတော်မြို့နယ်အပါအဝင် မြို့နယ်ပေါင်း ၁၁ မြို့နယ်ကို စစ်ကောင်စီအဖွဲ့က ဖေဖော်ဝါရီလ ၂ ရက်နေ့ စစ်အုပ်ချုပ်ရေးကြေညာလိုက်ပြီးနောက် အင်းတော်မြို့တွင်း ည ၆ နာရီမှ နံနက်ပိုင်း ၆ နာရီအထိ ည မထွက်ရ အမိန်ထုတ်ပြန်ထားသည်။

ပစ်သတ်ခံလိုက်ရသည့် အမျိုးသား၏ ရုပ်အလောင်းကို မိသားစုဝင်များက သွားသယ်ယူလာပြီး ယနေ့ သဂြိုလ်ကြမည်ဖြစ်သည်။

ထိုနည်းတူ ပြီးခဲ့သော ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၇နာရီအချိန်တွင် နန့်ကင်းကျေးရွာနေ အသက် ၆၀ နှစ်အရွယ် ဦးဆက်အောင်ခေါ်သူလည်း အင်တော် ရဲစခန်းရှေ့ ဆိုင်ကယ်ဖြင့် မောင်းနင်းလာစဉ် ပစ်ခတ်ခံရကာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

Most read this week

ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...