မောင်တော၌ သက်ငယ်မုဒိမ်းနှင့် လူသတ်မှုကျူးလွန်သူကို ထောင်ဒဏ် ၁၀ နှစ်ချ

မောင်တော၌ သက်ငယ်မုဒိမ်းနှင့် လူသတ်မှုကျူးလွန်သူကို ထောင်ဒဏ် ၁၀ နှစ်ချ
ဓာတ်ပုံ - (DMG / သရုပ်ပြပုံ။)
ဓာတ်ပုံ - (DMG / သရုပ်ပြပုံ။)

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မှု ကျူး လွန်သူကို မောင်တောခရိုင်တရားရုံးက စက်တင်ဘာလ ၄ ရက်တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း နစ်နာသူ မိသားစုထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်က အောင်သုခကျေးရွာမှ အသက် (၂) နှစ်ကျော်အရွယ် မိန်းကလေးငယ် တစ်ဦးကို မုဒိမ်းကျင့် လူသတ်မှု ကျူးလွန်ခဲ့သဖြင့် အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။

နစ်နာသူ မိသားစုဝင် အမျိုးသားတစ်ဦးက “ကလေးတစ်ယောက်ကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ အဓိက တရား ခံဖြစ်သူကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်တယ်။ ကြံရာပါဖြစ်တဲ့ သူရဲ့ မိခင်ကိုတော့ သက်သေမခိုင်လုံ ဆိုပြီး တရားရုံးက ပြန်လွှတ်ပေးလိုက်တယ်။ အမှုက လုံးဝ တရားမျှတမှု မရှိဘူး။ သမီးလေးကိုလည်း ဆုံးရှုံးလိုက်ရ ပြီ။ အမှုနဲ့ပတ်သက်ပြီး အမှန်တရားကိုလည်း မရဘူး” ဟု ပြောသည်။

မောင်ပေါက်စချေသည် အိမ်နီးနားချင်း အသက် ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့် လူသတ်ခဲ့ပြီး နောက် မိခင်ဖြစ်သူက အသတ်ခံရသည့် ကလေးငယ်၏ အလောင်းကို အိတ်ဖြင့် ထုပ်ပိုးကာ ဖျောက်ဖျက်ရန် ပူးပေါင်းပါဝင်ခဲ့သဖြင့် ဒီလပ်တပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

မောင်ပေါက်စချေနှင့် မိခင်ဖြစ်သူကို ဒီလပ်တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် တစ်လအကြာတွင် မိခင်ဖြစ်သူကို သက်သေမခိုင်လုံဟုဆိုကာ ပြန်လွှတ်ပေးခဲ့သည်။

ထို့ကြောင့် အလောင်းဖျောက်ရာတွင် ကြံရာပါဖြစ်သူ လွတ်မြောက်သွားသဖြင့် နစ်နာသူ မိသားစုက တရားမျှတ မှု မရှိကြောင်း ထောက်ပြကြသည်။

နစ်နာသူ မိသားစုဝင်က “အမှုကို ကျူးလွန်ထားတဲ့သူတွေကို ထိုက်တန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ပေးစေချင် တယ်။ ကြံရာပါ အမေဖြစ်သူကို ဒီတိုင်းပြန်လွှတ်ပေးလိုက်တာက တရား မမျှတဘူးလေ။ ဒါကြောင့် အမှုကို တရားမျှတမှုရရှိအောင် အဆင့်မြင့်တရားရေးဌာနအထိ တိုင်တန်းဖို့တော့ စီစဉ်ထားတယ်” ဟု ဆက်ပြောသည်။

ကျူးလွန်သူ တရားခံမှာ အသက်မပြည့်သေးသူတစ်ဦး ဖြစ်သည့်အတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအရ ကြီးလေးသော ပြစ်ဒဏ်များ မချမှတ်နိုင်ဟုဆိုကာ ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကျူးလွန်သူကို သက်ငယ်မုဒိမ်းမှု၊ ပစ္စည်းလုယက်မှု၊ လူသတ်မှုနှင့် အလောင်းဖျောက်မှုတို့ဖြင့် နစ်နာသူ မိသားစုဝင်များက တရားစွဲဆိုထားသော်လည်း တရားရုံးတွင် လူသတ်မှုနှင့် မုဒိမ်းမှု နှစ်ခုဖြင့်သာ အမှုရင်ဆိုင်ခဲ့ ရသည်။

အဆိုပါအမှုတွင် တရားလိုဘက်မှ လိုပြသက်သေ ၇ ဦးနှင့် တရားခံဘက်မှ ခံပြသက်သေ ၄ ဦး စစ်ဆေးခဲ့ပြီး အလောင်းဖျောက်ရာတွင် ကြံရာပါဖြစ်သူ လွတ်မြောက်လာချိန်၌ တရားလိုဘက်မှ ထပ်တိုးလိုပြသက်သေ ၆ ဦးကိုပါ ထပ်မံစစ်ဆေးခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဆိပ်ကျေးရွာမှ အမျိုးသမီးငယ်ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့မှုတွင် အဓိက ကျူးလွန်သူ တရားခံကို စစ်တွေခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့ပြီး ပူးပေါင်းကြံ စည်သူ နှစ်ဦးကို ထောင်ဒဏ် နှစ် ၂၀ စီ အသီးသီး ချမှတ်ခဲ့သည်။

၂၀၂၆ ခုနှစ်အတွင်း ရခိုင်ပြည်၌ သက်ငယ်မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အဓမ္မပြုကျင့်မှု ၁၃ ခု ရှိခဲ့ပြီး ဥပဒေအရ အရေးယူဆောင်ရွက်မှုပိုင်းတွင် အားနည်းချက်များ ရှိနေသည့်အပြင် ကျူးလွန်သူ ထွက်ပြေးလွတ်မြောက်နေဆဲ အမှုများလည်း ကျန်ရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု (ဓာတ်ပုံ - mmmilitary)
September 14, 2026
တိုက်ပွဲပြင်းထန်နေသည့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် နေရာများကို စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့်ပါ...
ဇင်ချောင်း လူငယ်ပရဟိတအသင်း / ဇင်ချောင်း လူငယ်ပရဟိတအသင်းက စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေစဉ်။
September 14, 2026
တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅,၀၀၀...
ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...