တကောင်းဆိပ်ကမ်း ရေယာဉ်အုပ်စု ကျောက်မီးသွေးချ၍ သတ္တုပစ္စည်းများ တင်ပို့ရန် ပြင်ဆင်

တကောင်းဆိပ်ကမ်း ရေယာဉ်အုပ်စု ကျောက်မီးသွေးချ၍ သတ္တုပစ္စည်းများ တင်ပို့ရန် ပြင်ဆင်
Myanmar CNICO
Myanmar CNICO

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး တကောင်းနီကယ်စက်ရုံဆိပ်ကမ်း၌ ၁၀ ရက်ခန့် ရပ်နားထား သည့် စစ်အုပ်စုတပ်၏ ရေယာဉ် ၂၇ စီးပေါ်သို့ စက်ရုံမှ သတ္တုပစ္စည်းအချို့ တင်ပို့ရန် ပြင်ဆင်နေကြောင်း မြေပြင် သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ ရေယာဉ်များသည် တကောင်းနီကယ်စက်ရုံနှင့် ဝေမာသကြားစက်ရုံအတွက် ကျောက်မီးသွေးများ လာ ရောက်ချပေးခြင်းဖြစ်ပြီး လက်ရှိတွင် ကျောက်မီးသွေးအချို့ ချပြီးနောက် တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ရန် ကျန်ရှိသည့် နီကယ် သို့မဟုတ် ကြေးနီ အစရှိသည့် သတ္တုပစ္စည်းများကို ရေယာဉ်များပေါ်သို့ ပြန်လည်သယ် ယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ရေယာဉ်အုပ်စု၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ သတင်းရင်းမြစ်တစ်ဦးက “ကျနော်တို့ သိသလောက် ခန့်မှန်းမိသလောက် ဆိုရင် နီကယ် ဒါမှမဟုတ်ရင် ကြေးနီ အဲ့ဒါပဲ အခုကျတော့ အဲ့ဒါတွေကို ပြန်တင်ပို့ဖို့ တရုတ်ပြည်ဘက်ကို ပြန်ပြီးတင်ပို့ဖို့ လုပ်နေတယ်လို့ ကျနော် တို့ ပြန်သိရတယ်ဗျ” ဟု ပြောသည်။

မန္တလေးဘက်မှ ဗန်းမော်ဘက်သို့ ဒုတိယအကြိမ် ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ ရေယာဉ် စုစုပေါင်း ၃၃ စီးပါ အုပ်စုသည် စက်တင်ဘာလ ၄ ရက်နေ့က စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၇ ရက်နေ့တွင် ထီးချိုင့်မြို့နယ်၊ မောင်းကုန်းဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ထိုအထဲမှ ရေယာဉ် ၂၇ စီးခန့်မှာ တကောင်းနီကယ်စက်ရုံအနီး ဆိပ်ကမ်းတွင် ယနေ့အထိ ရပ်နားထားဆဲဖြစ်ပြီး ကျန်ရှိသည့် ရေယာဉ်အချို့မှာ ဗန်းမော်ဘက်သို့ ဆက်လက်ဆန်တက်သွားခဲ့သော်လည်း တိုက်ခိုက်ခံရမှုကြောင့် ပျက်စီးမီးလောင် နိမ့်မြုပ်မှုများ ရှိခဲ့သည်။

သတင်းရင်းမြစ်တစ်ဦးက “အခုက နီကယ်ဆိပ်ကမ်းမှာ ဆိုက်ထားတဲ့ သင်္ဘောတွေက လောလောဆယ်တော့ ကျောက်မီးသွေးချပြီး သလောက်တော့ရှိပြီဗျ။ ဒါပေမဲ့ ကုန်တော့ မကုန်သေးဘူး။ ကျန်တော့ကျန်နေသေး တယ်။ သူတို့အောက်ပိုင်းကတင်လာတဲ့ ကျောက်မီးသွေးတွေလေ။ နီကယ်စက်ရုံကို သူတို့ပြန်မသိမ်းခင်တုန်းက သူတို့ တင်ပို့ဖို့ကျန်နေသေးတဲ့ ပစ္စည်းတွေရှိသေးတယ်ဗျ။ နီကယ် ဒါမှမဟုတ်ရင် ကြေးနီအဲ့ဒါပဲ အဲ့ဒါတွေကို ပြန်တင်ပို့ဖို့ တရုတ်ပြည်ဘက်ကို ပြန်ပြီးတင်ပို့ဖို့ လုပ်နေတယ်လို့ ကျနော်တို့ ပြန်သိရတယ်ဗျ။ တင်ပို့မှာက တော့ သူတို့လုံးဝကိုတင်ပို့မှာ။ အဲ့ဒါကို အခု ဒီတစ်ခေါက်တင်မလား မတင်ဘူးလားဆိုတာတော့ မသိရသေးဘူး” ဟု ပြောသည်။

ဖာရိုနီကယ် (Ferronickel) နှင့် ကြေးနီ (Copper) တို့သည် မီးချောစတီးလ် (Stainless Steel)၊ အီလက်ထရွန် နစ်၊ လျှပ်စစ်ကား (EV) နှင့် အခြေခံအဆောက်အအုံ ထုတ်လုပ်ရေးလုပ်ငန်းများအတွက် အဓိက လိုအပ်သည့် ကုန်ကြမ်းများ ဖြစ်ကြသည်။

မြန်မာနိုင်ငံရှိ တကောင်းနီကယ်စက်ရုံနှင့် မုံရွာကြေးနီစီမံကိန်း အပါအဝင် အဓိက သတ္တုထုတ်လုပ်မှု စီမံကိန်း များကို တရုတ်နိုင်ငံပိုင် CNMC၊ Tisco နှင့် Wanbao Mining စသည့် ကုမ္ပဏီကြီးများက ပူးပေါင်းရင်းနှီးမြှုပ်နှံ ထားခြင်းဖြစ်ပြီး ထွက်ရှိလာသည့် သတ္တုကုန်ကြမ်းများကို တရုတ်နိုင်ငံရှိ စက်ရုံများသို့ အဓိက တင်ပို့ရောင်းချခဲ့ ခြင်း ဖြစ်သည်။

တကောင်းနီကယ်စက်ရုံမှ ထုတ်လုပ်သည့် ဖာရိုနီကယ်များကို အရင်ကတည်းက ဧရာဝတီမြစ်ကြောင်းအတိုင်း သင်္ဘောများနှင့် တရုတ်နိုင်ငံဘက်သို့ တင်ပို့ခဲ့သည့် မှတ်တမ်းများရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အတွင်းက တစ်ရက်လျှင် ဖာရိုနီကယ် တန် ၂၀၀ ခန့်ကို ထီးချိုင့်သင်္ဘောဆိပ်မှတစ်ဆင့် ရေလမ်းကြောင်းအတိုင်း တရုတ်နိုင်ငံဘက်သို့ တင်ပို့ခဲ့သည်။

ထို့ပြင် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် အစောပိုင်းအထိပင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ နီကယ်နှင့် ကြေး နီ တင်ပို့မှုများ ရှိခဲ့သည်။ သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် တင်ပို့မှုပမာဏ သိသိသာသာ ကျဆင်းသွားခဲ့ပြီး စက်ရုံထိန်းချုပ်မှု အပြောင်းအလဲများပါ ဖြစ်ပေါ်ခဲ့ရသည်။

တကောင်းနီကယ်စက်ရုံသည် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်သို့ ၂၀၂၄ ခုနှစ်တွင် ရောက်ရှိခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှစ၍ စစ်အုပ်စုတပ်ဘက်က တကောင်းဒေသသို့ ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ မတ်လ ၁၂ ရက်နေ့တွင် တကောင်းမြို့ကို စစ်အုပ်စုတပ်က ပြန်လည်ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဒုတိယအကြိမ် ကချင်ပြည်သို့ ဦးတည်၍ ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုနှင့်အတူ တကောင်း နီကယ်စက်ရုံ ပြန်လည်လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် ပစ္စည်းများနှင့် လူအင်အားပါ သယ်ဆောင်လာ ဖွယ်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ယူဆထားကြသည်။

တစ်ဖက်တွင်လည်း ကချင်ပြည်၊ ဗန်းမော်မြို့အထိ ဆန်တက်သွားခဲ့သည့် စစ်သင်္ဘောအုပ်စုထဲမှ ရေယာဉ်အချို့ သည် စက်တင်ဘာလ ၁၇ ရက်နေ့မှစ၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ပြန်လည်စုန်ဆင်းလာနေပြီ ဖြစ်သည်။

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...