မဲဇာရဲစခန်းရှေ့ အမျိုးသားတစ်ဦး ပစ်သတ်ခံရမှုဖြစ်ပွား

မဲဇာရဲစခန်းရှေ့ အမျိုးသားတစ်ဦး ပစ်သတ်ခံရမှုဖြစ်ပွား

စစ်ကိုင်းတိုင်ဒေသကြီး အင်းတော်မြို့နယ် မဲဇာကျေးရွာ ရဲစခန်းရှေ့တွင် ယမန်ည ၁၀ နာရီဝန်းကျင် စခန်းရှေ့ဖြတ်သွားသည့် ပြည်သူတစ်ဦးကို စစ်ကောင်စီ ပစ်သတ်လိုက်ကြောင်းသိရသည်။

ပစ်သတ်ခံလိုက်ရသူသည် အလယ်ဆိပ်ကျေးရွာတွင် နေထိုင်သူ အသက် ၄၅ နှစ်အရွယ် ကိုစိုးနိုင်ခေါ်သူဖြစ်ပြီး မဲဇာကျေးရွာဘက်မှ အလယ်ဆိပ်သို့ ပြန်လာစဉ် မဲဇာရဲစခန်းရှေ့တွင် သေနတ်ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်ဟု အင်းတော် PDF တစ်ဦးထံမှသိရသည်။

“သူက ဘာရေးကြီးလဲတော့မသိဘူး။ မဲဇာကနေ အလယ်ဆိပ်ကိုအပြန် ရဲစခန်းရှေ့မှာ နောက်ကျောကနေ ပစ်သတ်ခံလိုက်ရတယ်။ သေနတ်ကျည်က သူ့ရဲ့ နောက်ကြောကနေ ဖောက်ဝင်သွားတာ။ အခုက ရဲစခန်းမှာက ရဲနဲ့ စစ်သားအတူနေကြတော့ ရဲပဲပစ်တာလား စစ်သားပစ်တာလား မသိလိုက်ဘူးဖြစ်တယ်”ဟုပြောသည်။

စစ်ကိုင်းတိုင်းအတွင်း အင်းတော်မြို့နယ်အပါအဝင် မြို့နယ်ပေါင်း ၁၁ မြို့နယ်ကို စစ်ကောင်စီအဖွဲ့က ဖေဖော်ဝါရီလ ၂ ရက်နေ့ စစ်အုပ်ချုပ်ရေးကြေညာလိုက်ပြီးနောက် အင်းတော်မြို့တွင်း ည ၆ နာရီမှ နံနက်ပိုင်း ၆ နာရီအထိ ည မထွက်ရ အမိန်ထုတ်ပြန်ထားသည်။

ပစ်သတ်ခံလိုက်ရသည့် အမျိုးသား၏ ရုပ်အလောင်းကို မိသားစုဝင်များက သွားသယ်ယူလာပြီး ယနေ့ သဂြိုလ်ကြမည်ဖြစ်သည်။

ထိုနည်းတူ ပြီးခဲ့သော ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၇နာရီအချိန်တွင် နန့်ကင်းကျေးရွာနေ အသက် ၆၀ နှစ်အရွယ် ဦးဆက်အောင်ခေါ်သူလည်း အင်တော် ရဲစခန်းရှေ့ ဆိုင်ကယ်ဖြင့် မောင်းနင်းလာစဉ် ပစ်ခတ်ခံရကာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

Most read this week

January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...