နန်းမယ်ခုံ၌ စစ်အုပ်စုတပ်က အသေခံဒရုန်းဖြင့် ပစ်ခတ်၍ အရပ်သားတစ်ဦး သေဆုံး

နန်းမယ်ခုံ၌ စစ်အုပ်စုတပ်က အသေခံဒရုန်းဖြင့် ပစ်ခတ်၍ အရပ်သားတစ်ဦး သေဆုံး

ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က အသေခံဒရုန်း (Suicide Drone) နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်အုပ်စုတပ်သည် အဆိုပါကျေးရွာသို့ ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်၊ ညနေ ၃ နာရီကျော်အချိန်တွင် အသေခံဒရုန်း ၂ စင်းဖြင့် ဗုံးကြဲခဲ့သည့်အပြင် လက်နက်ကြီးဖြင့်ပါ ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒေသခံ အမျိုးသားတစ်ဦးက “ဓာတ်ဆီဆိုင်နားမှာ ကြဲသွားတာ။ ၃ နာရီခွဲအချိန်လောက်နဲ့ တူတယ်။ ထိသွားတဲ့ တစ်ယောက်က ခေါင်းနဲ့ လက်မောင်းမှာ ထိတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နန်းမယ်ခုံမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်၏ ဒရုန်းကင်းလှည့်ခြင်းနှင့် လေယာဉ်ဖြင့် ကင်းထောက်လှမ်းခြင်းများ မရှိခဲ့ဘဲ ရုတ်တရက် လာရောက်တိုက်ခိုက်သွားခြင်း ဖြစ်ကြောင်း ဒေသခံများက ဆို သည်။

လက်ရှိတွင် နန်းမယ်ခုံမြို့နယ်နှင့် နယ်နိမိတ် ထိစပ်နေသည့် မိုးဗြဲမြို့အတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်အုပ် စုတပ်တို့အကြား မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

ထို့ကြောင့် စစ်ရေးအခြေအနေများအရ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲအနောက်ဘက်ခြမ်းနှင့် နန်းမယ်ခုံဘက် တစ်ကြောကို ဆက်သွယ်ထားသည့် လမ်းကြောင်းများကို ပြည်သူများ အသုံးပြုသွားလာခြင်း မပြုရန် မိုးဗြဲ PDF က အသိပေး နှိုးဆော်ထားသည်။

ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်၏ လေကြောင်းနှင့် ဒရုန်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကရင်နီပြည် အတွင်းရှိ နန်းမယ်ခုံမြို့နယ်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသနှင့် ဆိုမိုဖရေစိုးလေး (ရှားတော) မြို့နယ်တို့၌ ကလေးငယ်များ အပါအဝင် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

ဓာတ်ပုံ - (ပေးပို့)

ကြွက်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် ဖရူဆိုမှ စစ်ဘေးရှောင်များ၏ ပြောင်းခင်းတစ်ခု။ / Crd
September 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ယခုနှစ်၌ တစ်ပိုင်တစ်နိုင်...
ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...