ဖမ်းဆီးခံရသည့် ဖားကန့် အလွတ်တန်း သတင်းထောက် ဇော်မိုးထက် ပြန်လည်လွတ်လာ

ဖမ်းဆီးခံရသည့် ဖားကန့် အလွတ်တန်း သတင်းထောက် ဇော်မိုးထက် ပြန်လည်လွတ်လာ

မန္တလေးမြို့တွင် စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရသည့် ဖားကန့် အလွတ်တန်း သတင်းထောက် ဇော်မိုးထက် ယမန်နေ့ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း နီးစပ်သူများမှ သိရသည်။

ဒီဇင်ဘာ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရပြီး  ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃နာရီ ဝန်းကျင်တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်ဟု  နီးစပ်သူ တစ်ဦးမှ KNG ကိုယခုလို ပြောသည်။

“ကျွန်တော်လည်း တစ်ဆင့်ပြန်မေးရတာဆိုတော့ ဟိုဘက်ကပြောတာ ညနေပိုင်းလောက်က ဖမ်းဆီးပြီး ခနစစ်ဆေးမေးမြန်းတယ် ပြီးရင်  မနက်ကျပြန်လွတ်လိုက်တယ် အမှုဖွင့်ထားတာတော့ မရှိဘူးတဲ့ အကုန်လုံးအဆင်ပြေတယ် အေးဆေးဘဲလို့ ပြောတယ်တဲ့”ဟုကိုဇော်မိုးထက်နှင့် နီးစပ်သူကပြောသည်။

ဖမ်းဆီးခံရသည့် အလွတ်တန်းသတင်းထောက် ဇော်မိုးထက်ကို ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး KNG သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာတွင် လက်ရှိတွင် ဖြေဆိုရန် အဆင်သင့်မဖြစ်သေးကြောင်း ပြောဆိုသည်။

“ကျွန်တော်ရဲ့ လုံခြုံရေးအတွက် မီဒီယာတွေနဲ့ မတွေ့ချင်သေးဘူး၊ ကျွန်တော့အကြောင်းဘာမှ မပြောချင်သေးဘူး၊ မီဒီယာတွေဘက်က ဘာဖြစ်တယ်ဆိုပြီးတော့ ထွက်လာရင် ကျွန်တော် ပြန်ဆွဲခံရမှာစိုးတယ် ဆိုတော့လေ ကျွန်တော် အဆင်ပြေပါတယ် အဲ့တာလေးပြောချင်တာ”ဟု ဇော်မိုးထက်ကပြောသည်။

ဖားကန့် အလွတ်တန်း သတင်းထောက် ဇော်မိုးထက်သည် မန္တလေးမြို့ အနောက်မြို့သစ်ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။

Most read this week

January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...