ဖမ်းဆီးခံရသည့် ဖားကန့် အလွတ်တန်း သတင်းထောက် ဇော်မိုးထက် ပြန်လည်လွတ်လာ

ဖမ်းဆီးခံရသည့် ဖားကန့် အလွတ်တန်း သတင်းထောက် ဇော်မိုးထက် ပြန်လည်လွတ်လာ

မန္တလေးမြို့တွင် စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရသည့် ဖားကန့် အလွတ်တန်း သတင်းထောက် ဇော်မိုးထက် ယမန်နေ့ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း နီးစပ်သူများမှ သိရသည်။

ဒီဇင်ဘာ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရပြီး  ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃နာရီ ဝန်းကျင်တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်ဟု  နီးစပ်သူ တစ်ဦးမှ KNG ကိုယခုလို ပြောသည်။

“ကျွန်တော်လည်း တစ်ဆင့်ပြန်မေးရတာဆိုတော့ ဟိုဘက်ကပြောတာ ညနေပိုင်းလောက်က ဖမ်းဆီးပြီး ခနစစ်ဆေးမေးမြန်းတယ် ပြီးရင်  မနက်ကျပြန်လွတ်လိုက်တယ် အမှုဖွင့်ထားတာတော့ မရှိဘူးတဲ့ အကုန်လုံးအဆင်ပြေတယ် အေးဆေးဘဲလို့ ပြောတယ်တဲ့”ဟုကိုဇော်မိုးထက်နှင့် နီးစပ်သူကပြောသည်။

ဖမ်းဆီးခံရသည့် အလွတ်တန်းသတင်းထောက် ဇော်မိုးထက်ကို ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး KNG သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာတွင် လက်ရှိတွင် ဖြေဆိုရန် အဆင်သင့်မဖြစ်သေးကြောင်း ပြောဆိုသည်။

“ကျွန်တော်ရဲ့ လုံခြုံရေးအတွက် မီဒီယာတွေနဲ့ မတွေ့ချင်သေးဘူး၊ ကျွန်တော့အကြောင်းဘာမှ မပြောချင်သေးဘူး၊ မီဒီယာတွေဘက်က ဘာဖြစ်တယ်ဆိုပြီးတော့ ထွက်လာရင် ကျွန်တော် ပြန်ဆွဲခံရမှာစိုးတယ် ဆိုတော့လေ ကျွန်တော် အဆင်ပြေပါတယ် အဲ့တာလေးပြောချင်တာ”ဟု ဇော်မိုးထက်ကပြောသည်။

ဖားကန့် အလွတ်တန်း သတင်းထောက် ဇော်မိုးထက်သည် မန္တလေးမြို့ အနောက်မြို့သစ်ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။

Most read this week

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...