မြစ်ဆုံစီမံကိန်းအနီး စစ်အုပ်စုတပ် အင်အားထပ်မံတိုးမြှင့်

မြစ်ဆုံစီမံကိန်းအနီး စစ်အုပ်စုတပ် အင်အားထပ်မံတိုးမြှင့်
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)

ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား ၃ စီးဖြင့် ရောက်ရှိလာပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အxလှမ်းမဝေးသည့် နေရာ၌ တပ်ချ နေရာယူထား သည်။

ဩဂုတ်လ ၂၁ ရက်နေ့မှစ၍ မြစ်ကြီးနားမြို့မှ စစ်အုပ်စုတပ်အင်အား ၁၀၀ ဝန်းကျင် ရောက်ရှိလာခြင်းဖြစ်ပြီး လက်ရှိတွင် ဧရာဝတီမြစ်ဆုံ ဒေသတစ်လျှောက် တပ်ချ နေရာယူထားလျက်ရှိသည်။

မြစ်ဆုံဒေသခံတစ်ဦးက “မြစ်ကြီးနားကနေ စစ်ကားကြီး ၃ စီးအပြည့် မြစ်ဆုံရောက်နေတယ်။ အခုမြစ်ဆုံ မြစ် ကမ်းဘေး တစ်လျှောက် စစ်တပ် ဧည့်သည်တွေ အပြည့်ပဲ။ ရွှေမှော်တွေမှာ လျှောက်သွားနေတာ၊ ရွှေတူးတဲ့သူ တွေက ကြောက်တော့ ဘာမှမကြောက်နဲ့ ကြောက်စရာမလိုဘူး။ နင်တို့အတွက် လုံခြုံရေးယူပေးတာလို့ ပြော တယ်တဲ့” ဟု ပြောသည်။

အဆိုပါ အသစ်ရောက်ရှိလာသည့် စစ်အုပ်စုတပ်ဖွဲ့များသည် မြစ်ဆုံ တန်ဖရဲကျေးရွာရှိ စခန်းအတွင်း သွားရောက် ခြင်းမရှိဘဲ မြစ်ဆုံမြစ်ကမ်းတစ်လျှောက်၌သာ နေရာယူ လှုပ်ရှားနေသည်။

အင်အားဖြည့်တင်းလာသည့် အဓိကအကြောင်းအရင်းကို သေချာစွာ မသိရသေးသော်လည်း ဩဂုတ်လ ၂၅ ရက် နေ့တွင် စစ်အုပ်စု၏ မြစ်ဆုံစီမံကိန်း ဖြစ်မြောက်ရေးအဖွဲ့ လာရောက်မည်ဟု အသိပေးထားကြောင်း ဒေသခံများ က ပြောသည်။

မြစ်ဆုံဒေသခံက “ဟိုတလောကတည်းက ကချင်ပြည်နယ် အစိုးရအဖွဲ့ မြစ်ဆုံစီမံကိန်းဖြစ်မြောက်ရေးအဖွဲ့တွေ ဩဂုတ် ၂၅ ရက်နေ့ မြစ်ဆုံဘက်ကို ရောက်လာမယ်လို့ ကြားတယ်။ သူတို့အဖွဲ့တွေ အောင်မြင်သာကို ဖြစ်မ လား၊ မြစ်ဆုံ တန်ဖရဲဘက် ဖြစ်မလားတော့ သေချာမသိသေးဘူး။ အခုပြန်ကြားတော့ သူတို့အဖွဲ့တွေ တန်ဖရဲ မြစ်ဆုံကို လေ့လာရေးခရီးရောက်လာမယ်၊ လာကြည့်မယ်လို့ ပြောတယ်တဲ့။ အဲလိုပြောတော့ တန်ဖရဲဗျူဟာ မှူးက လုံခြုံရေးတော့ မယူပေးနိုင်ဘူး လာတော့လာလို့ရတယ်လို့ ပြောတယ်တဲ့။ ဒါကြောင့်များလား မြို့ကနေ မြောက်ပိုင်းတိုင်းကနေ စစ်သည်သူစိမ်းတွေ ရောက်လာတာဖြစ်လိမ့်မယ်လို့ သုံးသပ်တယ်” ဟု ပြောသည်။

အသစ်ရောက်ရှိနေသည့် တပ်ဖွဲ့ဝင်များသည် နယ်မြေကျွမ်းကျင်မှု မရှိသည့် ပြင်ပမှလာသော စစ်အုပ်စုတပ်သား များ ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက သုံးသပ်ကြသည်။

လက်ရှိတွင် မြစ်ဆုံအထက်နှင့် အောက် နေရာအတော်များများ၌ စစ်အုပ်စုတပ်က လှုပ်ရှားသွားလာနေ၍ ဒေသခံများနှင့် လက်လုပ်လက်စား ရွှေတူးဖော်သူများအကြား စိုးရိမ်မှုများရှိနေသည်။

မြစ်ဆုံအထက် ဂွေထောင်လမ်းဆုံ ဘယ်ဘက်တွင် စစ်အုပ်စုတပ်က အခိုင်အမာ တပ်ချထားပြီး ဂွေထောင်လမ်း ညာဘက်အဝင်၌ KIA တပ်ဂိတ် ထိုင်ထားသည့်အတွက် ထိပ်တိုက် ပစ်ခတ်မှုများ ဖြစ်ပွားလာမည်ကို ဒေသခံများ က စိုးရိမ်နေကြခြင်း ဖြစ်သည်။

စစ်အုပ်စု ခန့်အပ်ထားသည့် မြစ်ဆုံစီမံကိန်း ဖြစ်မြောက်ရေးအဖွဲ့သည် မြစ်ကြီးနား၊ ဝိုင်းမော်၊ တနိုင်းနှင့် ပူတာအို စသည့် မြို့နယ်များတွင် ရေကာတာ ပြန်လည်ဆောက်လုပ်ရေးအတွက် ခေါင်းစဉ်အမျိုးမျိုးဖြင့် လူထုကို စည်းရုံး လျက်ရှိသည်။

အဆိုပါအဖွဲ့သည် ယခုလအတွင်း၌ပင် မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက် ၄ ခုထက်မနည်း၌ လူထုစည်းရုံးရေး လုပ်ငန်းများ ဆက်တိုက် ပြုလုပ်ထားသည်။ မြစ်ဆုံတွင် ရွှေတူးဖော်မှုများ ဆက်တိုက်ရှိနေသော်လည်း ရေကာ တာ ဆောက်လုပ်ရေးအတွက် မြေပြင်လုပ်ငန်း အစပြုသည့် လှုပ်ရှားမှုများကိုမူ မတွေ့ရသေးပေ။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...