ကမြောကင်းတံတား မိုင်းပေါက်ပြီးနောက် ထားဝယ်မြို့အဝင်မှာ အစစ်အဆေးကြမ်းနေ

ကမြောကင်းတံတား မိုင်းပေါက်ပြီးနောက် ထားဝယ်မြို့အဝင်မှာ အစစ်အဆေးကြမ်းနေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အဝင် ကမြောကင်းတံတားမှာ မိုင်းပေါက်ပြီးနောက် စစ်ကောင်စီဘက်က လုံခြုံရေးတင်းကျပ်ပြီး ခရီးသွားပြည်သူတစ်ဦ မကျန် စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ညက ကမြောကင်းတံတား မိုင်းသတိပေးဆိုင်းဘုတ်အောက်မှာ မိုင်းပေါက်တာနဲ့ မောင်းမကန်နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ထားဝယ်မြို့အဝင်မှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ လောင်းလုံးမြို့နယ်ကနေ ထားဝယ်မြို့ထဲ ဝင်ရောက်လာသူမှန်သမျှကို ဓါတ်ပုံတွေနဲ့ တိုက်ဆိုင် စစ်ဆေးတာ၊ မသင်္ကာတဲ့သူတွေဆိုရင် ဂိတ်ထဲခေါ်ယူစစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတာပါ။

ဒေသခံတွေအဆိုအရ စစ်ကောင်စီတပ်ဟာ ထားဝယ်လာတဲ့ ခရီးသွားပြည်သူတွေကို မေးခွန်းပေါင်းစုံ မေးမြန်းပြီး စစ်ဆေးနေသလို မဖြေတတ်တဲ့ ရွာဘက်ကလာသူတွေကိုလည်း အော်ဟစ်ဆဲဆိုတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့စစ်ဆေးမှုတွေကြောင့် ကမြောကင်းတံတားအနီး ခရီးသွားကား၊ဆိုင်ကယ် ရာနဲ့ချီ ပိတ်မိနေသလို ခရီးလမ်းကြန့်ကြာမှုတွေကို ပြည်သူတွေ ရင်ဆိုင်နေရပါတယ်။

ကမြောကင်းတံတား မိုင်းပေါက်ကွဲမှုမှာတော့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မောင်းမကန်နယ်မြေရဲစခန်း ပစ်ခတ်မှုမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ၃ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

မောင်းမကန်နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ မောင်းမကန်ကျေးရွာအနီး ပတ်ဝန်းကျင်တဝိုက်မှာ PDF တွေကို တောနင်းရှာဖွေတာတွေ လုပ်ဆောင်နေတာပါ။

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...