ဖေ့စ်ဘွတ်မှာ NUG ကို ထောက်ခံကြောင်းရေးသားသူ‌တွေနဲ့ ပံ့ပိုးသူတွေကို စစ်ကောင်စီက တစ်သက် တစ်ကျွန်း ပြစ်ဒဏ်တွေ ချမှတ် နှိပ်ကွပ်နေ

ဖေ့စ်ဘွတ်မှာ NUG ကို ထောက်ခံကြောင်းရေးသားသူ‌တွေနဲ့ ပံ့ပိုးသူတွေကို စစ်ကောင်စီက တစ်သက် တစ်ကျွန်း ပြစ်ဒဏ်တွေ ချမှတ် နှိပ်ကွပ်နေ

CRPH၊ NUG၊ PDF အဖွဲ့တွေအတွက် အလှူငွေကောက်ခံ လွှဲပြောင်းပေးသူ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ထောက်ပို့ လုပ်ပေး နေသူတွေနဲ့ စစ်သင်တန်း တက်ရောက်ခဲ့သူ လူငယ်တွေကို စစ်ကောင်စီက မတရားသဖြင့် နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်အရေးယူလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

စစ်ကောင်စီက ဒီပြစ်မှုတွေအတွက် အမျိုးသမီး ၂ဦးနဲ့ အမျိုးသား ၈ဦး၊ စုစုပေါင်း လူငယ် (၁၀)ဦးကို အရေးယူခဲ့တာပါ။

စစ်ကောင်စီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်မှ ဇော်လွင်ဖြိုးနဲ့ ဇင်ထက်အောင်တို့ကို ဖေ့စ်ဘွတ်ခ်မှာ CRPH၊ NUG၊ PDF ကိုထောက်ခံကြောင်း ရေးသားခဲ့လို့ ထောင်ဒဏ် ၃ နှစ်စီ၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ (၁၉)ရပ် ကွက်၊ ဦးရာဇတ် လမ်းမှာ နေထိုင်သူ မမျိုးသန္တာထွန်း ကို CRPH၊ NUG၊ PDF အဖွဲ့များအတွက် အလှူငွေကောက်ခံခြင်း၊ လွှဲပြောင်းပေးခြင်း ဆောင်ရွက်ပေးခဲ့တဲ့အတွက် ထောင်ဒဏ်တစ်သက်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်မှ နေသူရ (ခ)ကျော်ကို ကို ကရင် ပြည်နယ် တောတွင်းတစ်နေရာမှာ အကြမ်းဖက်စစ်သင် တန်းတက်ရောက်ခဲ့လို့ဟုဆိုကာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့တာပါ။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်_ PDFတွေအတွက် ဆေးဝါးနဲ့ ပတ်တီးလိပ်တွေ မော်တော်ယာဉ်နဲ့ ပို့ဆောင် ပေးခဲ့တဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှ ကျော်မောင် (ခ)နွေဦးမောင်ကို တရားမဝင်အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ် လို့ဆိုကာ ထောင်ဒဏ်တစ်သက်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၇)ရပ်ကွက်၊ ဗန္ဓုလ အိမ်ရာမှ ပစ္စတိုသေနတ်၊ ကျည်၁၉ တောင့်နဲ့ အတူဖမ်းမိခဲ့သူ ထက်လွင်ဦး(ခ)အတာ ကိုတော့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ရန် ရည်ရွယ်တယ်လို့ဆိုကာ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း) (၅၆)ရပ်ကွက် စာသင်ကျောင်းကို လက်လုပ်ချိန်ကိုက်မိုင်းနဲ့ ဖောက်ခွဲခဲ့တဲ့ မြို့ပြပျောက်ကြား အဖွဲ့ဝင်တွေ ဖြစ်တဲ့ ကိုသန်းဇော်၊ ကိုမိုးဝေ၊ ကိုလွင်မိုး၊ မခိုင်နဲ့ ကိုကောင်းမြတ် တို့ကိုတော့ ထောင်ဒဏ်တစ်သက်စီ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေအတွက် လက်လုပ်ဗုံးနဲ့ ဆက်စပ်ပစ္စည်းတွေ ပို့ဆောင်ပေးခဲ့သူ မြောက်ဥက္က လာပမြို့နယ်မှ ကိုကြည်စိုးလင်း(ခေါ်) ကိုဆံရှည်ကို ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခဲ့တတယ်လို့ သိရပါတယ်။

အာဏာသိမ်း စစ်ကာင်စီက ယခုလို မတရားပြစ်ဒဏ်‌တွေချမှတ်နေတာဟာ ပြည်သူတွေကို အကြောက်တရား ရိုက်သွင်းရုံမက သူတို့ကို ဆန့်ကျင်တော်လှန်မှု မပြုလုပ်နိုင်ဖို့ရည်ရွယ်ကာ ဖက်ဆစ်တွေလို လုပ်ဆောင်နေခြင်း ဖြစ်တယ်လို့ နိုင်ငံရေးသမားတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း( AAPP) က ပြုစုထားတဲ့ စာရင်းတွေအရ အောက်တိုဘာ ၁၀ရက်အထိ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူ ၁၅၈၀၆ ဦး ၊စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံး ခဲ့သူ ၂၃၄၂ ဦးအထိ ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...