ရေးမြို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရ

ရေးမြို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့၊ သီရိဇေယျာရပ်ကွက်မှာ အောက်တိုဘာ ၅ ရက်နေ့ မနက် ၁၀ နာရီလောက်က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းဦး သေနတ်နဲ့ ပစ်ခတ်ခံလိုက်ရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီခန့် သီရိဇေယျာရပ်ကွက် အုပ်ချုပ်ရေးမှုူး ဦးမင်းသိန်းဦးကို မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့ MSRO က သူရဲ့ နေအိမ်အနီးရှိ လက်ဖက်ရည်ဆိုင်မှာပဲ သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးမင်းသိန်းဦးဟာ ဆီးခုံနဲ့ နံကြားတွေမှာ သေနတ်ဒဏ်ရာ ၃ ချက် ရရှိပြီး ရေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့ MSRO တာဝန်ခံ အဂ္ဂကတော့ အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းဦးဟာ စစ်တပ်နဲ့ ပူးပေါင်းပြီး ပြည်သူတွေကို ခြိမ်းခြောက်တာ၊ သတင်းပေး ဆောင်ရွက်နေတဲ့အတွက် ရှင်းလင်းရတာလို့ ပြောပါတယ်။

သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းဦးဟာ ၂၀၁၀ ကတည်းက ရပ်ကွက်အုပ်ချုပ်ရေးမှူး လုပ်နေသူဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ် ခိုင်းစေသလို လိုက်ပါလုပ်ဆောင်ပေးနေတဲ့အတွက် သတင်းဆိုးနဲ့ ကျော်ကြားနေတာပါ။

ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့ကလည်း စစ်ကောင်စီ သတင်းပေးအဖြစ် ဆောင်ရွက်နေတဲ့ ချဲဒိုင်ကိုင်သူ ကိုအောင်မြင့်ကို မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့ MSRO က ပစ်ခတ်ရှင်းလင်းထားတာပါ။

July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...
July 20, 2026
မွန်ပြည်အတွင်း စက်သုံးဆီများ မပြတ်လပ်စေရန် စီမံဆောင်ရွက်ထားကြောင်း စစ်အုပ်စုခန့် လျှပ်စစ်၊...
July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...