ရှောင်လ်တာနယ်အား ပြည်နှင်ဒဏ်ပေး၍ ပြန်လွတ်ပေးရန်သူ၏ ဇနီးဖြစ်သူတောင်းဆို

ရှောင်လ်တာနယ်အား ပြည်နှင်ဒဏ်ပေး၍ ပြန်လွတ်ပေးရန်သူ၏ ဇနီးဖြစ်သူတောင်းဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ စီးပွားရေးအကြံပေးဖြစ်သူ သြစတြေးလျနိုင်ငံသား ပါမောက္ခရှောင်လ်တာနယ်အား ပြည်နှင်ဒဏ်ပေး၍ ပြန်လွှတ်ပေးရန် သူ၏ဇနီးဖြစ်သူက စက်တင်ဘာ ၂၉ ရက်တွင် တောင်းဆိုခဲ့သည်။

စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှောင်လ်တာနယ်တို့နှစ်ဦးအား နိုင်ငံတော်လျို့ဝှက် အက်ဥပဒေပုဒ်မ ၃ (၁) (ဂ) ဖြင့် စက်တင်ဘာ ၂၉ ရက်တွင် ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်သည့်အပေါ် ထိုသို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ယင်းတောင်းဆိုမှုအား စစ်ကောင်စီထံတရားဝင်တောင်းဆိုသည့် အခြေအနေမျိုးမဟုတ်သေးဘဲ သူမ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရေးသားမျှဝေ တောင်းဆိုထားခြင်းလည်းဖြစ်သည်။

သူမ၏ တောင်းဆိုချက်တွင် " ကျွန်မ၏အမျိုးသား Prosessor Sean Turnell အား ယနေ့ (စက်တင်ဘာ ၂၉) ရက်တွင် ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်သည်ကို ကြားသိရှိရသည့်အတွက် ကျွန်မနှင့် ကျွန်မတို့၏သမီးလေး၊ အသက် ၈၅ နှစ်ရှိပြီဖြစ်သည့် Sean ၏ဖခင်အပါအဝင် ကျွန်မတို့မိသားစုဝင်အားလုံးအတွက် ကြေကွဲဝမ်းနည်းဖွယ်ကောင်းလှပါသည်။ Sean သည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် မမောမပန်းအလုပ် လုပ်ပေးခဲ့ပြီး၊ မြန်မာနိုင်ငံအား နှစ်ပေါင်း ၂၀ ကျော် ထောက်ခံအားပေးသူများထဲမှ တစ်ဦးအပါအဝင် ဖြစ်ပါသည်။ ကျွန်မ အမျိုးသားသည် ယခုချမှတ်လိုက်သည့်ပြစ်ဒဏ်၏ သုံးပုံနှစ်ပုံခန့် အချုပ်ထောင်တွင် နေခဲ့ပြီးဖြစ်ပါသည်။ ကျေးဇူးပြု၍ ၎င်းအနေဖြင့် မြန်မာနိုင်ငံအတွက်ဆောင်ရွက်ပေးခဲ့သည်များကို ငဲ့ညှာပြီး ပြည်နှင်ဒဏ်ပေးရန် တောင်းဆိုအပ်ပါသည်"ဟု ရေးသားမျှဝေထားသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ၏ မြန်မာနိုင်ငံခရီးစဉ်၌လည်း ဒေါ်အောင်ဆန်းစုကြည်၊ ရှောင်လ်တာနယ်တို့နှစ်ဦးတို့နှင့်ပတ်သက်၍ တောင်းဆိုမှုအချို့လုပ်ခဲ့သော်လည်း စစ်ကောင်စီက ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

မစ္စတာရှောင်လ်တာနယ်အနေဖြင့် လက်ရှိတွင် အကျဥ်းထောင်အတွင်း COVID-19 ရောဂါကူးစက်ခံထားရသည်ဟု သိရှိထားရသော်လည်း မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

၎င်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အကြံပေးခဲ့သည့်စီးပွားရေးပညာရှင်တစ်ဦးဖြစ်သည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...