ကနီမြို့နယ်တွင် စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၂ ဦး လက်နက်ချအလင်းဝင်

ကနီမြို့နယ်တွင် စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၂ ဦး လက်နက်ချအလင်းဝင်

စစ်ကိုင်းတိုင်း၊ မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် ကနီမြို့နယ်အတွင်းသို့ ခန့်မှန်း စစ်အင်အား ၅၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်ဖွဲ့မှ အလင်းဝင်လာသူနှင့် စစ်သုံ့ပန်း စုစုပေါင်း ၁၂ ဦးအထိ ရှိလာပြီ ဖြစ်သည်။

စစ်အုပ်စုတပ်သည် မေလ ၁ ရက်နေ့မှစတင်ကာ ကနီမြို့နယ်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ဒေသခံတော်လှန်ရေး တပ်ဖွဲ့များနှင့် နှစ်လအကြာ ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် တော်လှန်ရေးတပ်များထံ ပူးပေါင်းလာခြင်း ဖြစ်သည်။

၎င်းတို့အနက် တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်လာသူ ၁၂ ဦးရှိပြီး စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိမှုရှိ ကြောင်း တော်လှန်ရေးတပ်အသီးသီး၏ တာဝန်ရှိသူများက ပြောသည်။

ကနီအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “စစ်အုပ်စုတပ်ဘက်ကနေ နှစ်ယောက်စ သုံးယောက်စကနေ စပြီး အလင်းဝင်လာတယ်။ သူတို့ ထွက်လို့ရတယ်ဆိုတာမျိုး သိရတော့ တပ်ထဲမှာ ကျန်တဲ့သူတွေနဲ့လည်း ချိတ်ဆက်ပြီး ထွက်ကြတယ်။ ကျွန်တော်တို့ဘက်ကလည်း အမြန်ဆုံးပူးပေါင်းဖို့ တိုက်တွန်းပါတယ်” ဟု ပြော သည်။

အဆိုပါဖြစ်စဉ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်လာသူများနှင့် ဖမ်းဆီးရမိသည့် သုံ့ပန်းများကို Kani (9 plus) အဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ထားပြီး၊ အလင်းဝင်ရောက်လာသူအချို့ကို သက်ဆိုင်ရာ မိသားစု များထံ ပြလည်ပို့ဆောင်ပေးထားသည်။

အလင်းဝင်လာသူ အများစုမှာ ပြည်သူ့စစ်များဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စုံစမ်းရန် ဟန်ပြအလင်းဝင်လာသူ ဟုတ်၊ မဟုတ်ကိုလည်း သေချာစွာ စစ်ဆေးပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကနီမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်များ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေစဉ်အတွင်း စစ်အုပ်စုတပ်က အသေခံဒရုန်းများ၊ ဂျက်တိုက်လေယာဉ်များအသုံးပြုကာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

လက်ရှိအချိန်တွင် စစ်အုပ်စုတပ်က ကနီမြို့နယ် မုံရွာ-ယာကြီး လမ်းပိုင်းရှိ ချောင်းမကျေးရွာတွင် အထိုင်ချ တပ်စွဲထားသောကြောင့် ကျေးရွာငါးရွာမှ ဒေသခံပြည်သူ ၂,၀၀၀ ဝန်းကျင်ခန့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရ ပြီး စားဝတ်နေရေး ခက်ခဲလျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် ဇွန်လအထိ ကောက်ယူရရှိခဲ့သည့် စာရင်းများအရ တော်လှန်ရေး တပ်ဖွဲ့များထံ အလင်းဝင်သူ၊ လက်နက်ချသူနှင့် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း စုစုပေါင်းအရေအတွက် ၃,၆၇၈ ဦး အထိ ရှိလာပြီဖြစ်ကြောင်း ပြည်သူ့ပန်းတိုင် (People's Goal) အဖွဲ့၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

Most read this week

ဓာတ်ပုံ - စစ်အုပ်စု (ညောင်တုန်းချောင်းဝတာ ပြိုကျပျက်စီးမှုများအား ပြင်ဆင်ထားသည်ကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။)
September 14, 2026
ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့်...
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...