နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်ထပ်မံချမှတ်မှုအပေါ် အပြင်းထန်ဆုံးရှုတ်ချကြောင်း ပြင်သစ်နိုင်ငံထုတ်ပြန်

နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်ထပ်မံချမှတ်မှုအပေါ် အပြင်းထန်ဆုံးရှုတ်ချကြောင်း ပြင်သစ်နိုင်ငံထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ထပ်မံချမှတ်မှု အပြင်းထန်ဆုံး ရှုတ်ချ‌ကြောင်း ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့ ရက်စွဲဖြင့် ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ် ထပ်မံ ချမှတ်လိုက်သည့် ပြစ်ဒဏ်အသစ်ကို ပြင်သစ်နိုင်ငံက အပြင်းထန်ဆုံး ရှုတ်ချပြီး ဤအမိန့်ချမှတ်ခြင်းသည် မြန်မာပြည်သူလူထုမှ တရားဝင်ရွေးချယ်တင် မြှောက်ထား သူများကို ကြိုးကိုင်ခြယ်လှယ်နေသည့် စစ်ကောင်စီ၏ နောက်ထပ်ဥပမာတစ်ခု ဖြစ်သည်ဟု ပြင်သစ်က ဆိုသည်။

ယခု ဖြစ်စဉ်သည် နိုင်ငံတကာမှ တောင်းဆိုနေသည့် ညှိုနှိုင်း‌ဖြေရှင်းနည်းနှင့် ဆန့်ကျင်ဘက် ဖြစ်နေပြီး တရားမျှတမှုကို စစ်ခုံရုံးများမှ သိမ်းယူခြင်းသည် အခြေခံ အခွင့်အရေးများကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်၍ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို ပိုမိုထိခိုက်စေသည်ဟု ပြင်သစ်နိုင်ငံက သုံးသပ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ် ပေးရန် စစ်ကောင်စီကို ထပ်မံတောင်းဆိုသည်ဟု ပြင်သစ်နိုင်ငံက ဆိုထားသည်။

ထို့ပြင် ပြင်သစ်နိုင်ငံအနေဖြင့် အာဆီယံ၏ လုပ်ဆောင်ချက်နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးသံတမန်၏ ကြိုးပမ်းမှုများကိုလည်း ဆက်လက်အား ပေး‌သည်။ ဒီမိုကရက်တစ် အတိုက်အခံများ အပါအဝင် နိုင်ငံရေး ဆွေးနွေးပွဲများ ဖေါ်ဆောင်ခြင်းသည် အကျပ်အတည်းကို အဆုံးသတ်ရန် အခွင့်အလမ်းအားလုံး၏ မရှိမဖြစ် လိုအပ်သော အခြေအနေတစ်ခု ဖြစ်သည်ဟု ပြင်သစ်နိုင်ငံက ဆိုသည်။

စစ်ကောင်စီက စက်တင်ဘာ ၂၉ ရက်တွင် ဒေါ်အောင်ဆန်းစု ကြည်အပါအဝင် မစ္စတာရှောင်တာနယ်၊ ဦးစိုးဝင်း၊ ဦးဆက်အောင် နှင့် ဦးကျော်ဝင်းတို့အား နိုင်ငံတော်လှို့ဝှက်ချက် ဥပဒေ ဖြင့် ထောင်ဒဏ်သုံးနှစ်စီ ထပ်မံ ချမှတ်ခဲ့သည်။

စာတည်း။ ။မောင်ကောင်း

March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...