ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီ၏ ခလရ (၂၈၃) အခြေစိုက်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်ရာ ဒုတပ်ရင်းမှူး အပါအဝင် ၁၁ ဦး သေဆုံး

ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီ၏ ခလရ (၂၈၃) အခြေစိုက်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်ရာ ဒုတပ်ရင်းမှူး အပါအဝင် ၁၁ ဦး သေဆုံး

ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီတပ် ခလရ (၂၈၃) အခြေစိုက် ဘုရားတောင်ကုန်းစခန်းကို စက်တင်ဘာလ၂၈ ရက် နံနက် ၅ နာရီ မိနစ် ၅၀ အချိန်တွင် KNLA,PDF ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ဘုရားတောင်ကုန်းစခန်း တိုက်ခိုက်သိမ်းပိုက်မှုတွင် စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် ၁၁ ဦး သေဆုံးခဲ့ပြီး နှစ်ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

“ဒီစခန်းက အန္တရာယ်ရှိတယ် ။ဒေသခံရွာတွေအတွက်လည်း သွားရလာရတာ အခက်အခဲရှိတယ် ။ စခန်းကုန်းက ဘုရားပေါ်မှာ တပ်စွဲထားတာဆိုတော့ ဘုရားဖူးတွေ မိဘပြည်သူတွေအတွက် အခက်အခဲဖြစ်တယ်။ဘုရားပေါ်ကိုလည်း တက်လို့မရဘူး ။ အနှောက်အယှက်ဖြစ်တဲ့အတွက် အခုလို သိမ်းပိုက်လိုက်တာပါ စခန်းကို အပြီးသိမ်းပိုက်လိုက်တာပါ”ဟု KNLA တပ်ရင်း (၁၆) တပ်စုမှူး ဗိုလ်စတီးက ပြောသည်။

တိုက်ခိုက်သိမ်းပိုက်နေစဉ်အတွင်း ဘုရားသုံးဆူအနီးရှိ နဂါးတောင်လက်နက်ကြီးကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် လက်နက်များမှာ စိန်ပြောင်းတစ်လက်၊ စနိုက်ပါ တစ်လက်၊ MA ငါးလက်၊ ၄၀-မမ နှစ်လက်၊ နာတိုစက်လက် တစ်လက်နှင့် ကျည်ဆန် အများအပြား ရရှိခဲ့ကြောင်း သိရသည်။

ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် နေ့စဉ်နီးပါး တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...