သမဂ္ဂ ၂ ခုရှိ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၀င်များ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေဟု အရေးပေါ်ကြေညာချက် ထုတ်ပြန်

သမဂ္ဂ ၂ ခုရှိ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၀င်များ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေဟု အရေးပေါ်ကြေညာချက် ထုတ်ပြန်

ရန်ကုန်အခြေစိုက် လူငယ်များသမဂ္ဂ (ဗဟို) နှင့် မန္တလေးအခြေစိုက် LGBD Union Mandalay တို့၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ၀င်အချို့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း အရေးပေါ်ကြေညာချက် တစ်စောင်ကို စက်တင်ဘာ ၂၇ ရက်တွင် ယင်းသမဂ္ဂနှစ်ခုက အသီးသီး ထုတ်ပြန်ထားသည်။

ဗဟိုအလုပ်အမှုဆောင် ကော်မတီ၀င်အချို့သည် စက်တင်ဘာလ ၂၆ ရက်မှ စတင်၍ အဆက်အသွယ် ပြတ်တောက်နေခြင်းဖြစ်ပြီး ၎င်းတို့အား အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခြင်းခံရသည်ဟု ယူဆကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

''အဆက်အသွယ်ပြတ်နေတဲ့ လူငယ်တွေက ဘယ်မှာ မိနေတယ်၊ ဘယ်မှာ အဖမ်းခံထားရတယ်ဆိုတာတောင် မသိရသေးပါဘူး၊ ကွင်းဆက်တွေ လိုက်နေလို့ သူတို့နဲ့ အဆက်အသွယ်ရှိရင်၊ ဆက်သွယ်ထားရင် ရှောင်ကြဖို့ အသိပေးချင်ပါတယ်'' ဟု လူငယ်များသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆက်အသွယ် ပြတ်တောက်နေသူများမှာ လူငယ်များသမဂ္ဂ (ဗဟို) ၏ ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ (၁) ၊ ဒုဥက္ကဋ္ဌ (၂) ၊ တွဲဖက်အတွင်းရေးမှူးနှင့် အမှုဆောင်ကော်မတီ၀င်တို့ဖြစ်ပြီး မန္တလေးအခြေစိုက် LGBD Union Mandalay ၏ ဥက္ကဋ္ဌ ဖြစ်သူမှာလည်း အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်ဟု ဆိုသည်။

လူငယ်များသမဂ္ဂ (ဗဟို) သည် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် လုပ်ဆောင်နေသော အင်အားစု ကိုးစုဖြင့် ဖွဲ့စည်းထားသော စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု ( Anti- Junta Alliance Yangon-AJAY) ၏ အဖွဲ့၀င် သမဂ္ဂတစ်ခုလည်း ဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

July 13, 2026
စစ်ကိုင်းတိုင်း၊ မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် ကနီမြို့နယ်အတွင်းသို့...
July 13, 2026
မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် ငါးရပ် (Five-Point Consensus) ကို ဆက်လက် အကောင်...
July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...