ဖျာပုံ PDF များနှင့် ဆက်စပ်၍ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးထား

ဖျာပုံ PDF များနှင့် ဆက်စပ်၍ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးထား

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးတို့ကို ဖျာပုံ PDF များနှင့် ပတ်သက်သည်ဟုဆိုကာ စစ်ကောင်စီကဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့က ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် မအူပင် PDF တပ်ဖွဲ့ဝင်များနှင့် ဖျာပုံ PDF အဖွဲ့ဝင် စုစုပေါင်း ၁၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

အဖွဲ့ဝင် ကိုစံလင်းစံ၏ ထွက်ဆိုချက်အရ ဖျာပုံရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်သုံးဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ဇနီးတို့ကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်းသိရသည်။

ဖျာပုံမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုပြုလုပ်မည့် သတင်းများကိုသိရှိသော်လည်း သတင်းထိန်ချန်ထားခြင်း၊ PDF တပ်ဖွဲ့ဝင်များ၏သတင်းများကို အထက်သို့မတင်ပြဘဲထားရှိတာကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများမှာ ဖျာပုံမြို့နယ်ရဲစခန်းမှ ရဲတပ်သား မင်းထက်ပိုင်၊ ရဲတပ်သား ထက်လင်း၊ ရဲတပ်ကြပ် ထွန်းထွန်းနိုင်နှင့် ရဲတပ်သား ထက်လင်း၏ ဇနီးဖြစ်သူ မကေသီဝင်း (ခ) ငယ်ငယ် တို့ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

" ဖျာပုံ PDF အဖွဲ့ဝင် ကိုစံလင်းစံရဲ့ ဖေ့ဘွတ် မက်ဆင်ဂျာ (Facebook Messenger) ကနေတစ်ဆင့် စစ်လို့ပေါ်သွားတာလို့သိရတယ်။ သူတို့သုံးယောက်ကိုဖမ်းထားပြီး ပြည်ထဲရေးဝန်ကြီးဌာနကို တင်ပြထားတယ်လို့ပဲ သိရသေးတယ်" ဟုရဲတပ်ဖွဲ့နှင့် နီးစပ်သူကဆိုသည်။

လက်ရှိတွင် စစ်ကောင်စီ၏ဖမ်းဆီးမှုကိုခံထားရသည့် ဖျာပုံမြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်သုံးဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ဇနီးတို့ကို ကျိုက်လတ်မြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်းသိရသည်။

သို့သော် မည်သည့်ပုဒ်မများဖြင့် အမှုဖွင့်ခံထားရသည်ကို မသိရသေးကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများ၏ ပြောပြချက်အရသိရသည်။

ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် ဖျာပုံ PDF များနှင့်အတူ မအူပင် PDF အဖွဲ့ဝင်များ ဖမ်းဆီးခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ရဲများက ဖျာပုံခရိုင်နှင့် မအူပင်ခရိုင်အတွင်း မတရားဖမ်းဆီးမှုများ မကြာခဏဆိုသကဲ့သို့ ပြုလုပ်နေသည်ဟုလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...