ဘုတလင်မြို့နယ်တွင် ရွာကိုမီးရှို့ပြီးထွက်လာသည့် စကစတပ် မိုင်းဆွဲခံရပြီး ၂၀ ဦးသေဆုံးဟုဆို

ဘုတလင်မြို့နယ်တွင် ရွာကိုမီးရှို့ပြီးထွက်လာသည့် စကစတပ် မိုင်းဆွဲခံရပြီး ၂၀ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ တွင်းတောင်ရွာကိုမီးရှို့ပြီးထွက်လာသည့် စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရသွားကြောင်း Chindwin Brothers PDF မှ စက်တင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။

“ဖရဲသီး (စစ်ကောင်စီတပ်တွင်းသတင်းပေး) ဆီက အတိအကျသတင်းရတဲ့အတွက် ကျနော်တို့ ခေါင်း ဆောင်အတွက် သွေးကြွေးဆပ်တဲ့အနေနဲ့တိုက်ခိုက်ခဲ့တာပါ ” ဟု Chindwin Brothers PDF တာဝန်ရှိသူ တစ်ဦးမှ မဇ္စျိမသို့ပြောသည်။

တွင်းတောင်ရွာကို မီးရှို့ပြီးထွက်ခွာလာသော အင်အား ၈၀ ခန့်ရှိသည့် စစ်ကောင်စီတပ်အား လေးမြေရွာ နှင့် ညောင်သူများကျေးရွာအကြား အဆင့်မြင့်ရှေ့ထွက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းဆို သည်။

ဖောက်ခွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်မှ လက်နက်ကြီးငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက် သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များမှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှုအား Chindwin Brothers PDF နှင့်အတူ ဒေါင်းမျိုးဆက် (ဗိုလ်မုတ်ဆိတ်) ၊ Royal Diamond တပ်ဖွဲ့တို့မှပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်မှ သေဆုံးဒဏ်ရာရရှိသူများအား နမခ (အနောက်မြောက်တိုင်း စစ်ဌာနချုပ်) မှ စစ်ကား သုံးစီးဖြင့် လာရောက်ခေါ်ဆောင်သွားပြီး ကျန်ရှိသော စကစတပ်သားများမှာ အနီးနားရှိတဲတစ်လုံးအား မီးရှို့ဖျက်ဆီး၍ တပ်ပြန်ခေါက်သွားကြောင်း သိရသည်။

ယခုတိုက်ခိုက်ခံရသောစစ်ကြောင်းသည် ယင်းမာပင်၊ ကနီမြို့နယ်သို့ စစ်ကြောင်းထိုးစဉ်က ဗိုလ်သူရ အပါအဝင် ရဲဘော်လေးဦးအား သတ်ဖြတ်သွားသောစစ်ကြောင်းဟုသိရှိရ၍ မြစ်ကြောင်းကိုကူးဖြတ်၍ လိုက်လံသွေးကြွေးဆပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဩဂုတ်လ ၂၆ ရက်နေ့က Democratic Guerrilla Force (Lower Chindwin ) DGF နှင့် Chindwin Brothers PDFကိုတည်ထောင်သူဖြစ်သော ဗိုလ်သူရ(ခ)ကိုလှမင်းနိုင်သည် ကနီမြို့နယ်၊ ချောင်းမရွာအနီး တစ်နေရာတွင် စစ်ဆင်ရေးလုပ်ငန်းတာဝန်များထမ်းဆောင်နေစဉ် တိုက်ပွဲအတွင်း ရဲဘော်ရဲဘက် လေးဦး နှင့်အတူ အသက်စွန့်လွှတ်သွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

July 16, 2026
အရပ်သားတစ်ပိုင်း စစ်အုပ်ချုပ်ရေး၏ အရေးပေါ်ကာလသက်တမ်းအား စစ်အုပ်စုက ထပ်မံတိုးမြှင့်လိုက်ခြင်း သည်...
July 16, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လတ်တလော စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူလေးဦးကို...
July 15, 2026
အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်များ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) မရှိဘဲ တက္ကသိုလ်တက်ခွင့်...
July 15, 2026
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ခန့်သည် စစ်ဘေးတိမ်း...