ကရင်နီဒေသက စစ်ရှောင်ကလေးများကို ဝိုင်းဝန်းထောက်ပံ့ရန် ကျောင်းသားသမဂ္ဂများတိုက်တွန်း

ကရင်နီဒေသက စစ်ရှောင်ကလေးများကို ဝိုင်းဝန်းထောက်ပံ့ရန် ကျောင်းသားသမဂ္ဂများတိုက်တွန်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်ကလေးများ ပညာသင်ကြား ရေးအတွက် တစ်ဦးလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့်ထောက်ပံ့နိုင်ကြောင်း ကျောင်းသားသမဂ္ဂများထံမှ သိရ သည်။

“အဲဒီဒေသက ကလေးတွေမှာ လိုအပ်တဲ့အခြေခံပညာရေးအသုံးဆောင်ပစ္စည်းတွေကို ထောက်ပံ့နိုင်ဖို့ အတွက် အခုလိုလုပ်ရတာဖြစ်ပါတယ်။ တတ်နိုင်သမျှဝိုင်းဝန်းထောက်ပံ့စေချင်ပါတယ်”ဟု ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါအစီစဉ်ကို စက်တင်ဘာလ ၃ ရက်နေ့မှ စတင်ကောက်ခံနေခြင်းဖြစ်ပြီး စက်တင်ဘာ လ ၁၅ ရက် နေ့အထိ ကောက်ခံသွားမည်ဟု သိရသည်။

ထောက်ပံ့ရန်အတွက် လက်ရှိအချိန်တွင် ကျပ် ၂၂၀,၀၀၀ ကျော်ရရှိနေပြီဖြစ်ပြီး ဒီးမော့ဆိုမြို့နယ် အတွင်း ရှိ အခြေခံပညာသင်ယူနေသည့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၇,၇၇၉ ဦးအတွက် ထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်သည်ဟု သိရသည်။

ထောက်ပံ့လိုသူများအနေဖြင့် ဒီးမော့ဆိုမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ၊ ထားဝယ်မြို့နယ် အခြေခံပညာ ကျောင်းသားများသမဂ္ဂ၊ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ လူငယ်များသမဂ္ဂ၊ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ကျောင်း သားများသမဂ္ဂ၊ စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား) ကျောင်းသားများသမဂ္ဂ၊ နေပြည်တော် သူနာပြုသင်တန်း ကျောင်း ကျောင်းသားများသမဂ္ဂ၊ ရမည်းသင်းနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ သစ်တော နှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ပျဥ်းမနားမြို့နယ် အခြေခံပညာ ကျောင်း သားများသမဂ္ဂနှင့် Fundraising by YZT တို့၏ လူမှုကွန်ရက်စာမျက်နှာများမှတဆင့် ဆက်သွယ် လှူဒါန်းနိုင်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ကို အစောဆုံးလက်နက်ကိုင် ခုခံတိုက်ခိုက်ခဲ့သည့် အထဲတွင် ကရင်နီပြည်နယ်လည်း ပါဝင်သည်။ အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိအချိန်ထိ တိုက်ပွဲပေါင်း ရာနှင့်ချီ၍ ဖြစ်ပွားခဲ့ပြီး စစ်ရှောင်ဦးရေလည်း အများအပြားရှိနေသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ စောဖေ

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...