ထိုင်း-မြန်မာနယ်စပ် သေ့ဘောဘိုးကျေးရွာအနီးသို့ စစ်ကောင်စီတပ်များ စစ်ကြောင်း ထိုးလာ၍ ဒေသခံများ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရ

ထိုင်း-မြန်မာနယ်စပ် သေ့ဘောဘိုးကျေးရွာအနီးသို့ စစ်ကောင်စီတပ်များ စစ်ကြောင်း ထိုးလာ၍ ဒေသခံများ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရ

ကရင်ပြည်နယ် ၊ မြဝတီခရိုင် ကရင်အမျိုးသားအစည်းအရုံး (KNU တပ်မဟာ၆) ထိန်းချုပ်နယ်မြေ၊ မြဝတီ-ဝေါလေကားလမ်းမဘေးရှိ သေ့ဘောဘိုးကျေးရွာအနီးကို အင်အား ၃၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ဒေသခံများ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့မှစတင်၍ သေ့ဘောဘိုး သို့ စစ်ကြောင်း ထိုးဝင်ရောက်လာ၍ ဒေသခံရွာသားများမှာ စိုးရိမ်ထိတ်လန့်ကာ ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်သည်။

“ဥကရိထစခန်းဘက်ကနေ ဝင်လာတာ။ အင်အားအတော်များတယ်။ ၃၀၀ လောက်ရှိ တယ်။နောက်ပြီး ထိုင်းဘက်နေလည်း ဝင်လာတယ်လို့ကြားတယ်။ အရင်တစ်ခါက သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲမှာတုန်းက ဒေသခံတွေ အတော်ထိလိုက်ကျသေးတယ် အခုလည်း အဲ့လိုဖြစ်မှာစိုးလို့ ထွက်ပြေးလာကျတာ”ဟု စစ်ဘေးရှောင်ကူညီ ပေးနေသူ တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် မြဝတီ-ဝေါလေကားလမ်းကို ထိန်းချုပ်နိုင်ရန်အတွက် မွန်ပြည် နယ်အခြေစိုက် တပ်မ (၄၄) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၂၀၇)၊ ခမရ (၁၀၂)၊ ခမရ(၃)၊ ခမရ (၉)၊ ခမရ (၁၀၄) ခြေလျင်တပ်ရင်း ခလရ (၈) နှင့် ဒုန်းတပ်ဖွဲ့များ၊ အမြှောက်တပ်ဖွဲ့များဖြင့် အင်အားအများအပြားသုံးကာ ထိုးစစ်ဆင်နေကြောင်းသိရ သည်။

KNU-KNLA, KNDO, PDF ပူးပေါင်းတပ်ဖွဲ့များသည် သေ့ဘောဘိုးကျေးရွာအနီး စစ်ကောင်စီတပ်၏ ခြေကုတ် စခန်းတစ်ခုဖြစ်သည့် သေ့ဘောဘိုးစစ်စခန်းကုန်းကို မေလ ၁၈ ရက်နေ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...