K4U တွင်တက်ရောက်သဖြင့် ဖမ်းဆီးခံရသည့် ဆယ်တန်းကျောင်းသူအမှု ၅၀၅(က) အပြင် မူးယစ်ဆေးဝါးအမှုဖြင့်ပါ တရားစွဲခံထားရ

K4U တွင်တက်ရောက်သဖြင့် ဖမ်းဆီးခံရသည့် ဆယ်တန်းကျောင်းသူအမှု ၅၀၅(က) အပြင် မူးယစ်ဆေးဝါးအမှုဖြင့်ပါ တရားစွဲခံထားရ

အာဏာသိမ်းကာလတွင် ပေါ်ပေါက်လာသော ဖက်ဒရယ်ကျောင်းများထဲမှ ရေပန်းစားသည့် Kaung For You Education တွင် တက်ရောက်နေသော ရန်ကုန်မြို့မှ ဆယ်တန်းကျောင်းသူတစ်ဦးမှာ လွန်ခဲ့သည့်လက ဖမ်းဆီးခံရပြီး သတင်းအစအနပျောက်ဆုံးနေရာမှ ယခုတွင် ၅၀၅(က) အပြင် မူးယစ်ဆေးဝါးရောင်းချမှု ၁၉(က) ဖြင့်ပါ စစ်ကောင်စီက တရားစွဲဆိုထားကြောင်း မိသားစုဝင်၏ ပြောပြချက်အရ သိရသည်။

အဖမ်းခံရသူမှာ အသက် ၁၈ နှစ် အရွယ်ရှိ မဆုလာဘ်သော်တာ ဖြစ်ပြီး Kaung For You Education တွင် အွန်လိုင်းမှစာသင်ကြားနေစဉ် နေအိမ်၌ ဇူလိုင်လ ၁၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး စစ်ကြောရေးတွင်ရှိနေကြောင်း သတင်းမှလွဲ၍ တခြားမသိရှိခဲ့ရပေ။

ယခုတွင် ဖမ်းဆီးခံရသော ဆယ်တန်းကျောင်းသူမှာ အင်းစိန်ထောင်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းသိရပြီး သူမ၏ အခြေအနေအား မိသားစုဝင်ဖြစ်သူက မဇ္ဈိမကို ယခုလိုပြောသည်။

“လွန်ခဲ့တဲ့ နှစ်ပတ်လောက်က အကြောင်းကြားတာ ရဲစခန်းကနေ၊ ကျွန်တော့် ညီမလေးကို အင်းစိန် အမျိူးသမီး အကျဥ်းထောင်ဘက်ကို ပို့လိုက်တယ်၊ တရားရုံး ရက်ချိန်းတွေတော့ လိုက်နေတယ်ဗျာ ၊ အခုပုဒ်မ ၅၀၅ (က)နဲ့တရားစွဲခံထားရတယ်၊ ရှင်းရှင်းပြောရရင်ကျွန်တော့် ညီမက ကျောင်းသူ ၅၀၅ (က) နဲ့ မဆိုင်ဘူးလေ၊ သူတို့ပြောတာ “အစိုးရကဖွင့်တဲ့ ကျောင်းတွင်မတက်ခြင်း” တဲ့ဗျာ။ နောက်တစ်မှု ကျန်သေးတဲ့၊ ၁၉ (က ) မူးယစ်ဆေးဝါးရောင်းချမှုတဲ့ အစ်ကိုရာ စဥ်းစားသာကြည့်တော့။” ဟူ၍ ဖြစ်သည်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုရခြင်းမှာ “လူမူကွန်ရက်ပေါ် တွင် မဟုတ်မမှန် မတရားသတင်းများ ရေးခြင်းကြောင့်” ဟု ထည့်သွင်းပြောကြားထားပြီး ဥပဒေအကြောင်းအရာအရ ခိုင်မာမှုမရှိကြောင်း ၎င်း၏ရှေ့နေမှ ယူဆထားသည်ဟုပြောသည်။ မိသားစုနှင့်တွေ့ဆုံခွင့်ရသော ပထမဆုံးရုံးချိန်းတွင် ဖမ်းဆီးခံထားရသူ ဆယ်တန်းကျောင်းသူမှာ ရိုက်နှက်ခံထားရသဖြင့် မျက်နှာဖူးယောင်ဒဏ်ရာများရှိခြင်း၊ ဆံပင်များကျဲနေခြင်းတို့ကိုတွေ့ရကြောင်း ပြောသည်။

Kaung For You Education ၏ သတင်းအချက်အလက်ပေါက်ကြားမှုကြောင့် စာသင်ကြားပေးနေသော ဆရာ/မများနှင့် ဆက်စပ်သူများ လွန်ခဲ့သည့် ဇူလိုင်လအတွင်းက ဖမ်းဆီးခံထားရပြီး ကျောင်းတည်ထောင်သူ ဆရာကောင်းသိုက်စိုး နှင့် CDM ကျောင်းဆရာ နှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ကြေညာထားသည်။ ထိုကဲ့သို့ဖြစ်ပွားပြီးနောက် Kaung For You Education မှ ဖေစ့်ဘွတ်ပေချ့်အသစ်တည်ထောင်ထားကာ အသိပေးရှင်းလင်းချက်၊ မေတ္တာရပ်ခံချက်များနှင့် မသမာသူများ၏ ကိုယ်ရေးအချက်အလက်နှင့်တကွ သတင်းအချက်အလက်ပေါက်ကြားမှုအား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

July 16, 2026
အရပ်သားတစ်ပိုင်း စစ်အုပ်ချုပ်ရေး၏ အရေးပေါ်ကာလသက်တမ်းအား စစ်အုပ်စုက ထပ်မံတိုးမြှင့်လိုက်ခြင်း သည်...
July 16, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လတ်တလော စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူလေးဦးကို...
July 15, 2026
အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်များ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) မရှိဘဲ တက္ကသိုလ်တက်ခွင့်...
July 15, 2026
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ခန့်သည် စစ်ဘေးတိမ်း...