ချင်းမိုင်တက္ကသိုလ်နှင့် နွေဦးတက္ကသိုလ်တို့ သဘောတူစာချွန်လွှာရေးထိုး၊ ၃နှစ်အတွင်း မြန်မာကျောင်းသားများခေါ်ယူမည်

ချင်းမိုင်တက္ကသိုလ်နှင့် နွေဦးတက္ကသိုလ်တို့ သဘောတူစာချွန်လွှာရေးထိုး၊ ၃နှစ်အတွင်း မြန်မာကျောင်းသားများခေါ်ယူမည်

ချင်းမိုင်တက္ကသိုလ်လက်အောက်ခံကျောင်းတစ်ခုနှင့် နွေဦးတက္ကသိုလ်တို့ သဘောတူစာချွန်လွှာရေးထိုးပြီး လာမည့်သုံးနှစ်အတွင်း မြန်မာကျောင်းသားများခေါ်ယူမည်ဟု နွေဦးတက္ကသိုလ်က သတင်းထုတ်ပြန်သည်။

ပညာရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချွန်လွှာရေးထိုးခဲ့ပြီး အဆိုပါသဘောတူညီမှုအရ လာမည့် ၃နှစ်အတွင်း မြန်မာကျောင်းသားလူငယ်များအတွက် ရက်တိုရက်ရှည် သင်တန်းများ၊ သုတေသနအစီအစဉ်များ၊ နိုင်ငံတကာနှင့် ချိတ်ဆက်ရေးလုပ်ငန်းများ စသည်တို့ကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု နွေဦးတက္ကသိုလ်က ဆိုသည်။

ကနဦးအစီအစဉ်များအရ ကျောင်းသားပေါင်း ၅၀၀အထိ လက်ခံသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသားခေါ်ယူခြင်းကို မကြာမီကာလများအတွင်း စတင်မည်ဖြစ်ကာ ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များကိုလည်း အချိန်နှင့်တပြေးညီ ကြေညာမည်ဟု နွေဦးတက္ကသိုလ်က ပြောသည်။

နွေဦးတက္ကသိုလ်သည် စစ်ကောင်စီလက်အောက်တွင် ပညာမသင်ကြားလိုသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တည်ထောင်ထားပြီး CDM များကိုစဥ်ဆက်မပြတ်ချီးမြှောက်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

နွေဦးတက္ကသိုလ်တွင် စီးပွားရေးပညာဘာသာရပ်များ၊ နိုင်ငံခြားဘာသာစကား သင်တန်းများ၊ သဘာဝပတ်ဝန်းကျင် ဘာသာရပ်များကို သင်ကြားပေးလျက်ရှိသည်။

July 16, 2026
အရပ်သားတစ်ပိုင်း စစ်အုပ်ချုပ်ရေး၏ အရေးပေါ်ကာလသက်တမ်းအား စစ်အုပ်စုက ထပ်မံတိုးမြှင့်လိုက်ခြင်း သည်...
July 16, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လတ်တလော စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူလေးဦးကို...
July 15, 2026
အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်များ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) မရှိဘဲ တက္ကသိုလ်တက်ခွင့်...
July 15, 2026
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ခန့်သည် စစ်ဘေးတိမ်း...