ပခုက္ကူထောင်တွင် မင်းတပ်မြို့မှဖမ်းဆီးထားသူပေါင်း ၇၀ ကျော်ရှိနေ

ပခုက္ကူထောင်တွင် မင်းတပ်မြို့မှဖမ်းဆီးထားသူပေါင်း ၇၀ ကျော်ရှိနေ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူထောင်တွင် မင်းတပ်မြို့နယ်မှ ဒေသခံ(၇၀)ကျော် အကျဉ်းကျခံနေရပြီး ၎င်းတို့ထဲတွင် တစ်သက်တစ်ကျွန်းချမှတ်ခံထားရသည့်သူများပင် ပါဝင်သည်ဟုသိရ သည်။

မင်းတပ်မြို့နယ်သည် စစ်အုပ်ချုပ်ရေး (မာရှယ်လော)ကြေညာထားသည့် မြို့နယ်တစ်ခုဖြစ်ပြီး ပခုက္ကူ ထောင်အတွင်းအကျဉ်းကျခံနေရသူများသည် မင်းတပ်မြို့၌ စစ်ခုံရုံးဖြင့်အမိန့်စီရင်ခြင်းခံရပြီး ရောက်ရှိ လာသူများဖြစ်ကြောင်းလည်း သိရသည်။

“ အခုလောလောဆယ် မင်းတပ်ဒေသခံတွေ အယောက် ၇၀ ကျော်လောက် ပခုက္ကူထောင်ထဲမှာ ရောက် နေကြတယ်။ ပြီးခဲ့တဲ့အပတ်ကတောင် ၁၀ ယောက် ရောက်လာသေးတယ်။ အများစုကတော့ မင်းတပ် စစ်ခုံးရုံးကနေ အမိန့်ချမှတ်ပြီးမှ ရောက်လာကြတဲ့သူတွေဖြစ်ပါတယ်။ ဒီထဲမှာ နှစ်ကြီးသမားတွေလည်း ပါတယ်။ တစ်သက်တစ်ကျွန်း ကျခံရတဲ့သူတွေလည်းပါတယ်။ အနည်းဆုံးပြစ်ဒဏ်ကတော့ အလုပ်ကြမ်း နှင့် ထောင်ဒဏ်သုံးနှစ်ပဲ” ဟု အကျဉ်းထောင်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

စစ်အုပ်ချုပ်ရေးဖြင့်တရားစီရင်နိုင်သည့် ပြစ်မှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ် ၃/၂၀၂၁ ဖြင့် ၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ အစိုးရကိုအကြည်ညိုပျက်စေမှု၊ တပ်မတော် (သို့မဟုတ်) တရားဥပဒေစိုးမိုးရေးအဖွဲ့ဆောင် ရွက်မှုကိုနှောင့်နှေးစေ(သို့မဟုတ်)ပျက်ပြားစေခြင်း၊ တပ်မတော်သားများ(သို့မဟုတ်)အစိုးရအမှုထမ်းများ ကို ဟန့် တားနှောင့်ယှက်ခြင်း၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ အစိုးရဝန်ထမ်းတစ်ဦးအား ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်(သို့မဟုတ်)သွယ်ဝိုက်ဖြစ်စေ ထိတ်လန့်စေခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ မမှန်သတင်းများ ဖြန့် ခြင်း ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နှင့်မတရားအသင်းအက်ဥပဒေအရပြစ်မှုများပါဝင်ကြောင်း သိရ သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...