မြန်အောင်တွင် စစ်ကောင်စီလက်အောက်ခံ ရဲများက အသက် ၅၀ ကျော် အမျိုးသားကို လက်ပြန်ကြိုးတုပ်၍ ဆိုင်ကယ်နောက်တွင် တရွတ်တိုက်ဆွဲကာ ညှဉ်းပန်းနှိပ်စက်

မြန်အောင်တွင် စစ်ကောင်စီလက်အောက်ခံ ရဲများက အသက် ၅၀ ကျော် အမျိုးသားကို လက်ပြန်ကြိုးတုပ်၍ ဆိုင်ကယ်နောက်တွင် တရွတ်တိုက်ဆွဲကာ ညှဉ်းပန်းနှိပ်စက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စုတွင် စစ်ကောင်စီလက်အောက်ခံ သပြေကုန်းနယ်မြေရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်ငါးဦးက အသက် ၅၀ ကျော်အရွယ် ဦးသိန်းအောင်အား လက်ပြန် ကြိုးတုပ်၍ ဆိုင်ကယ်နောက်တွင် တရွတ်တိုက်ဆွဲကာ ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ သြဂုတ်လ ၄ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က သပြေကုန်းကျေးရွာရှိ အရက်ဆိုင်တစ်ဆိုင်၌ အရက်ထိုင်သောက်နေသည့် ရဲငါးဦးက ၎င်းတို့အား ပြန်လိုက်ပို့ပေးရန် ဦးသိန်းအောင်အား အကူအညီတောင်းသဖြင့် ပြန်လိုက်ပို့ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လိုက်ပို့ရာလမ်းတွင် အဆိုပါ ရဲငါးဦးက ဦးသိန်းအောင်အား ဝိုင်းဝန်း ထိုးကြိတ်ပြီး လက်ပြန်ကြိုးတုပ်ကာဆိုင်ကယ်နောက်တွင် တရွတ်တိုက်ဆွဲ၍ အကြောင်းမဲ့ညှဉ်းပန်း နှိပ်စက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"ဦးသိန်းအောင်က လက်သမားဆရာတစ်ယောက်ပါ။ သူက သပြေကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းရွာမှာ နေတယ်။ သပြေကုန်းမှာ လက်သမား အလုပ်လာ လုပ်တာ။ အလုပ် ခဏနားလို့ အရက်သွားသောက်တာကနေ ရဲငါးယောက်က ခေါ်သွားပြီး မျိုးစုံနှိပ်စက်တာပါ။ ဦးသိန်းအောင်က အရက်သောက်တာပဲရှိတယ် တော်တော်အနေ အေးသူပါ။ ဘာနိုင်ငံရေးမှလည်း မသိတဲ့လူပါ။ ဘာကြောင့်ဒီလိုလုပ်တာလဲ မသိဘူး" ဟုဒေသခံတစ်ဦးကပြောသည်။

အဆိုပါ စစ်ကောင်စီလက်အောက်ခံ ရဲငါးဦး၏ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ဦးသိန်းအောင်၏ ဦးခေါင်းတွင် ကျောက်ခဲစများဝင်ရောက်ကာ သွေးအန်ခြင်း၊ ပါးရိုး တစ်ဖက်ကျိုးခြင်းအပြင် ခန္ဓာကိုယ်တွင် ထိခိုက်ဒဏ်ရာများစွာ ရရှိခဲ့ကြောင်း သိရသည်။

"ဦးသိန်းအောင်တို့က လက်လုပ်လက်စားတွေ ဆိုတော့ ဆေးရုံကိုလဲ သွားမပြနိုင်ဘူး။ အိမ်မှာပဲ ဆေးမြီးတိုတွေနဲ့ကုနေရတယ်လို့သိရတယ်။ လောလောဆယ်တော့ ဘာကိုမှ မမှတ်မိဘဲ အတိတ်မေ့သလိုဖြစ်နေတယ်"ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အသက် ၅၀ ကျော်အရွယ်အမျိုးသား ဦးသိန်းအောင်အား အကြောင်းမဲ့ ညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်ခဲ့သည့် သပြေကုန်းနယ်မြေရဲစခန်းရှိ ရဲငါးဦးအား တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ထားခြင်း မရှိကြောင်း ဒေသခံများ၏ ပြောကြားချက် အရသိရသည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...