အကျအဆုံးများခဲ့သည့် စစ်ကောင်စီတပ်မှ ဗျူဟာပြောင်းကာ မြဝတီ-ဝေါလေ ကားလမ်းမကို ထပ်မံကျူးကျော်လာ

အကျအဆုံးများခဲ့သည့် စစ်ကောင်စီတပ်မှ ဗျူဟာပြောင်းကာ မြဝတီ-ဝေါလေ ကားလမ်းမကို ထပ်မံကျူးကျော်လာ

ကရင်ပြည်နယ် မြဝတီခရိုင်KNUတပ်မဟာ(၆)ထိန်းချုပ်နယ်မြေရှိ မြဝတီ-ဝေါလေ ကားလမ်းမကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်မှ ဗျူဟာပြောင်းကာ ထပ်မံကျူးကျော်လာနေကြောင်းသိရသည်။

ဇူလိုင်လ ၇ရက်နေ့မှ စတင်ပြီး မြဝတီ-ဝေါလေ ကားလမ်းမအနီးရှိ သုံးထပ်ကွေ့တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် cobra စစ်ကြောင်း(KNLA)တို့ ယနေ့ ဩဂုတ်လ ၃ရက်နေ့ထိ တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။ စစ်ကောင်စီတပ်မှ ဇူလိုင်လ တတိယပတ်အထိ အထိအခိုက် အကျအဆုံးများနေခြင်းကြောင့် ယခုအခါ ဗျူဟာပြောင်းကာ တပ်ရင်း သုံးရင်းထပ်မံဖြည့်တင်းပြီး စစ်ကြောင်းထိုးလာကြောင်း Cobra စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံမှ ပြောသည်။

“အရင်လတွေမှာက သူတို့ ဖွဲ့စည်းပုံပျက်သွားတယ်၊ ဗျူဟာပျက်သွားတဲ့အထိ အထိအခိုက်အကျအဆုံးများသွားတယ်၊ အခု သူတို့က ဗျူဟာတစ်မျိုးပြောင်းပြီး တပ်ရင်း သုံးရင်းနဲ့လာတိုက်တယ်၊ လက်နက်ကြီးတပ်ဖွဲ့တွေ လက်ရုံးတပ်ဖွဲ့တွေ ပါလာတာပေါ့၊ မြဝတီ-ဝေါလေ ကားလမ်းမပေါ်မှာရှိတဲ့ သုံးထပ်ကွေ့နဲ့ ဆက်စပ်တဲ့နေရာတွေကို သူတို့က လက်နက်ကြီးတွေနဲ့ပစ်တယ်”ဟု Cobra စစ်ကြောင်းပြန်ကြားရေးတာဝန်ခံ ကိုမျိုးသူရကိုကိုမှပြောသည်။

ဩဂုတ်လ၂ရက်နေ့ ညနေ ၄နာရီဝန်းကျင်တွင် မှော်ဘီလေတပ်မှ Yak 130လေယာဉ်ဖြင့် တစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“သူတို့က လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူနဲ့ ကျူးကျော်ဖို့ကြိုးစားနေပေမယ့် Cobra ရဲဘော်တွေအနေနဲ့ ရွံ့ရွံ့ချွံချွံတိုက်ပွဲခုခံကာကွယ်နိုင်ခဲ့ပါတယ်၊ အကြမ်းဖက်စစ်ကောင်စီဘက်က အကျအဆုံးများစွာနဲ့ ဆုတ်ခွာနေရပါတယ် တိုက်ပွဲဆက်လက်ဖြစ်ပွားနေတဲ့အတွက် သူတို့ရဲ့ သေဆုံးထိခိုက်ဒဏ်ရာရ အခြေနေကိုတော့ ကျနော်တို့အနေနဲ့ တိတိကျကျပြောဖို့ခက်မယ်”ဟု ၎င်းမှ ဆက်လက်ပြောသည်။

ဇူလိုင်လ ၁၁ရက်နေ့တွင် တပ်မ(၄၄)လက်အောက်ခံ တပ်ရင်း(၁၀၂)မှ တပ်သား ငါးဦးမှာ Cobra စစ်ကြောင်းထံ လာရောက်ခိုလှုံခဲ့ပြီး Cobra စစ်ကြောင်းမှ ကောင်းမွန်စွာလက်ခံထားကြောင်း သိရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...