ထိရောက်မှုမရှိသည့် ဝမ်းနည်းကြေညာချက်များအစား တိုက်ရိုက်ထိတွေ့ဆက်ဆံရန်နိုင်ငံတကာသို့ NUG နိုင်ငံခြားရေးဝန်ကြီးပြောကြား

ထိရောက်မှုမရှိသည့် ဝမ်းနည်းကြေညာချက်များအစား တိုက်ရိုက်ထိတွေ့ဆက်ဆံရန်နိုင်ငံတကာသို့ NUG နိုင်ငံခြားရေးဝန်ကြီးပြောကြား

ထိရောက်မှုမရှိသည့် ဝမ်းနည်းကြေညာချက်များအစား တိုက်ရိုက်ထိတွေ့ဆက်ဆံရန်နိုင်ငံတကာသို့ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ဇူလိုင် ၃၀ တွင်ပြောကြားသည်။

"စစ်အုပ်စုကို တိုးတိုးတိတ်တိတ် ထိတွေ့ဆက်ဆံပြီး တရားဝင်အောင် လုပ်ပေးနေကြတာမျိုး ဒါမှမဟုတ် ထိရောက်မှု မရှိတဲ့ ၀မ်းနည်းကြောင်း ကြေညာချက်တွေသာ ထုတ်ပြန်နေမယ့်အစား ကျွန်မတို့နဲ့ စပြီး စကားပြောကြပါ။ ဒီလိုလုပ်နေကြတာတွေကကျွန်မတို့ကို ကူညီရာမရောက်ဘဲ သေခြင်းနဲ့ ပျက်စီးဆုံးရှံးရခြင်းတွေဆီကိုသာ နေ့စဥ်တွန်းပို့နေသလိုသာဖြစ်ပါတယ်"ဟု NUG ဝန်ကြီးကပြောသည်။

နိုင်ငံတကာက နိုင်ငံရေးအကျဥ်းသားများကို ကွပ်မျက်ခြင်းမပြုရန်တောင်းဆိုခဲ့သော်လည်း မင်းအောင်လှိုင်၏ စစ်အုပ်စုကလိုက်နာခြင်းမရှိကြောင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ လူများကိုသတ်ဖြတ်ခြင်းများဆက်တိုက်ကျူးလွန်ကြောင်း ဝန်ကြီးကပြောသည်။

" ကျွန်မတို့အတွက်ကတော့ ကျေးရွာတွေ ရွာလုံးကျွတ် မီးရှိူ့ဖျက်စီးခံရတယ်ဆိုတာဟာ ဆင်းရဲ မွဲတေလွန်းလှတဲ့၊ မိသားစုအတွက် စဉ်ဆက်မပြတ် ရုန်းကန်နေရတဲ့ သာမန်ပြည်သူ ထောင်သောင်း နှင့် ရာထောင် ချီတို့ ရဲ့ ဘဝအခြေခံအခြေအနေအများစုကို ဖျက်ဆီး ခံရခြင်း ပါပဲ" ဟုဝန်ကြီးကပြောသည်။

ဆွေးနွေးညှိနှိုင်းရန် နိုင်ငံတကာကပြောကြားခဲ့သော်လည်း စစ်အုပ်စုက ယင်းသို့တောင်းဆိုချက်ကို မျက်ကွယ်ပြုကာ သတ်ဖြတ်မှုများကိုဆက်တိုက်ကျူးလွန်နေပြီး တောင်းဆိုမှုများကို လျစ်လျူရှုနေသည်ဟု နိုင်ငံတကာသို့ ဝန်ကြီးကပြောသည်။

" မိတ်ဆွေတို့က ထိန်းထိန်းသိမ်းသိမ်းနဲ့ စေ့စပ်ဆွေးနွေးဖို့ အထပ်ထပ် တောင်းဆိုနေတုန်းမှာပဲ မင်းအောင်လှိုင်က သူ့ရပ်တည်ချက်ကို အခိုင်အမာဆုပ်ကိုင်နေဆဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆို နေကြတုန်းမှာပဲ မင်းအောင်လှိုင်ကသူ့ကို နေအိမ်အကျယ်ချုပ်ကနေ အကျဉ်းထောင်ကို ရွှေ့လိုက်ပါတယ်" ဟု ဝန်ကြီးဒေါ်ဇင်မာအောင်ကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း NUG အစိုးရ သမ္မတကြီးဒူဝါလရှီးလက နည်းပညာများ၊ လက်နက်များအကူအညီပေးရန် နိုင်ငံတကာသို့ တောင်းဆိုထားသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...