ဦးဂျင်မီအပါအဝင် ၄ ဦးကို သေဒဏ်စီရင်ပြီးစီးကြောင်း စစ်ကောင်စီ၏သတင်းထုတ်ပြန်မှု အမှန်တကယ်စီရင်လိုက်ခြင်းဖြစ်နိုင်ကြောင်း ဥပဒေပညာရှင် သုံးသပ်

ဦးဂျင်မီအပါအဝင် ၄ ဦးကို သေဒဏ်စီရင်ပြီးစီးကြောင်း စစ်ကောင်စီ၏သတင်းထုတ်ပြန်မှု အမှန်တကယ်စီရင်လိုက်ခြင်းဖြစ်နိုင်ကြောင်း ဥပဒေပညာရှင် သုံးသပ်

သေဒဏ်ချမှတ်ခံထားရသည့် ဦးဂျင်မီနှင့်ဦးဖြိုးဇေယျာသော်အပါအဝင်လေးဦးကို ပြစ်ဒဏ်စီရင်ဆောင် ရွက်ပြီးစီးပြီဖြစ်ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့ စစ်ကောင်စီဝါဒဖြန့် မီဒီယာများမှထုတ်ပြန်ထားသည်။

မြန်မာ့အလင်းသတင်းစာတွင် ဦးကျော်မင်းယု(ခ)ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်(ခ)မောင်ကျော်၊ ဦးလှမျိုး အောင်(ခ)ကိုမျိုးနှင့် အောင်သူရဇော်(ခ)ကိုကတုံးတို့လေးဦးကို အကျဉ်းထောင် လုပ်ထုံးလုပ်နည်းများနှင့် အညီ ပြစ်ဒဏ်စီရင်ခဲ့ကြောင်း‌ ရေးသားထားသည်။

ထိုသို့ဖော်ပြရာတွင် “ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီး” ဟူသောအသုံးအနှုန်းကိုသုံးနှုန်းခဲ့သဖြင့် စီရင်ပြီး စီးခြင်းဖြစ်နိုင်ချေများကြောင်း နိုင်ငံရေးအကျဉ်းသားများအရေးဆောင်ရွက်ပေးနေသည့် ဝါရင့်ရှေ့နေ တစ် ဦးကဆိုသည်။

“ ပြစ်ဒဏ်စီရင်ပြီးဖြစ်တယ်လို့ သုံးထားပါတယ်။ သုံးတာလည်း ဒီတိုင်းပဲသုံးရပါတယ်။ ခုနကလို ကြိုးပေး ကွပ်မျက်လိုက်ပြီတို့ ကြိုးပေးစီရင်လိုက်ပြီတို့ သုံးလေ့မရှိဘူး။ ပြစ်ဒဏ်စီရင်ဖြစ်တယ်ဆိုတာလုံလောက် ပါပြီ။ သို့သော် စောင့်ကြည့်ရမှာပေါ့” ဟု ၎င်းကပြောသည်။

ဇူလိုင်လ ၂၂ ရက်နေ့တွင် ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့၏ မိသားစုဝင်များအား စစ်ကောင်စီက အွန်လိုင်း မှ တဆင့် တွေ့ဆုံခွင့်ပေးခဲ့သည်။

ထို့နောက် ဇူလိုင် ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တို့တွင် အကျဉ်းထောင်ဝန်ထမ်းများကို ဝတ်စုံပြည့်ဝတ် ခိုင်းခြင်းများရှိခဲ့သည်ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

သို့သော်လည်း ၎င်းတို့လေးဦး၏ အခြေအနေနှင့်ပတ်သက်၍ မိသားစုဝင်များမှစုံစမ်းလျှက်ရှိနေသကဲ့သို့ စစ်ကောင်စီဘက်မှလည်း တစ်စုံတရာဖြေကြားခြင်းမရှိသေးပေ။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...