မုံရွာစီးပွားရေးတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံ

မုံရွာစီးပွားရေးတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုထံမှ သိရသည်။

မုံရွာတက္ကသိုလ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဇူလိုင်လ ၁၉ ရက်နေ့ မနက်အစောပ်ိုင်းတွင် မဟာမိတ် PDF တပ်ပေါင်းစုတွင် ပါဝင်သည့် တပ်ရင်း တပ်ခွဲများ ပူးပေါင်းကာ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ ဇူလိုင်လ ၁၉ ရက်နေ့၊ နံနက် ၁ နာရီခွဲအချိန်ခန့်မှာ မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းဝန်းအတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နာရီဝက်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ ကျရောက်တဲ့ အာဇာနည်နေ့အထိမ်းအမှတ် တိုက်ခိုက်မှုဖြစ်ပါတယ် ” ဟု အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု တာဝန်ခံက ပြောသည်။

မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းဝန်းအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၁၀၀ ဝန်းကျင် တပ်စွဲထားပြီး PDF တပ်ပေါင်းစုက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အချိန်နာရီဝက်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

PDF တပ်ပေါင်းစု၏ ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်နေသည့်အချိန်တွင် တက္ကသိုလ် ကျောင်းဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဘက်မှလည်း ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။

“ သူတို့ဘက်ကလည်း RPG၊ ၆၀ မမ၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်ပါတယ်။ ပွန်းတာပဲ့တာလောက်တော့ ရှိိခဲ့တယ်။ ကျည်မှန်တာမျိုးတော့ မရှိခဲ့ပါဘူး။ အကျအဆုံးမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ် ” ဟု PDF တပ်ပေါင်းစု တာဝန်ခံက ဆက်ပြောသည်။

တပ်ပေါင်းစု၏ ပစ်ခတ်တိုက်ခ်ိုက်မှုတွင်  စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိကြောင်း တပ်ပေါင်းစုတာဝန်ခံက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ယမန်နေ့ က ကျရောက်သည့် ၇၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မပြီးပြတ်သေးသည့် မြန်မာ့ဒီမိုကရေစီတိုက်ပွဲကို ကျန်ရှိနေသည့် ရဲဘော်များမှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျရှုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်းလည်း PDF တပ်ပေါင်းစုက ပြောကြားထားသည်။

စစ်ကောင်စီတပ် အာဏာသိမ်းပြီးသည့်နောက် မုံရွာတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ တိုက်ခိုက်မှု ပြုလုပ်လျက်ရှိပြီး ခုနစ်ကြိမ်ထက်မနည်း တိုက်ခ်ိုက်ခံထားရသည်။

အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုကို ကာကွယ်ရေးတပ်ဖွဲ့ ၁၇ ဖွဲ့ဖြင့် ဇွန်လ ၁၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကာ စစ်ကိုင်းတိုင်းအတွင်း လှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...