ပြည်သူ့ပညာရေးကျောင်းများအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နေပြီး ပြည်သူ့ပညာရေးယန္တရား ဖော်ဆောင်မည်ဟုဆို

ပြည်သူ့ပညာရေးကျောင်းများအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နေပြီး ပြည်သူ့ပညာရေးယန္တရား ဖော်ဆောင်မည်ဟုဆို

စစ်အာဏာသိမ်းပြီးနောက် ကလေးငယ်များပညာသင်ကြားရေးဆောင်ရွက်နေသည့် ပြည်သူ့ပညာရေး ကျောင်းများ အချင်းချင်ချိတ်ဆက်ဆောင်ရွက်ပြီး ပြည့်သူ့ပညာရေးယန္တရားကိုဖော်ဆောင်မည်ဟု ကြား ကာလပညာရေး ချိတ်ဆက်မှုကွန်ရက်(BEGSC)မှ ဇူလိုင်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက် သည်။

ပြည်သူ့ပညာရေးကျောင်းများသည် တစ်စုံတစ်ဦး၊ တစ်စုတစ်ဖွဲ့တည်းပေါ်တွင် တည်မှီနေခြင်းမဟုတ်၊ ပြည်သူလူထုအပေါ်တွင်သာ တည်မှီနေပြီး ပြည်သူ့အင်အားဖြင့်သာ ပြည်သူ့ပညာရေးယန္တရားကို ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

ပြည်သူ့ပညာရေးယန္တရားသည် ပြည်သူလူထုမှဦးဆောင်၍ CDM ဆရာဆရာမများ ၊ အခြားအစုအဖွဲ့များရှိ ကလေးများ၏ပညာရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ပြီး ပြည်သူလူထု၏ထောက်ခံအသိအမှတ်ပြုမှု အပြည့်အဝရရှိထားပြီး တော်လှန်ရေးအစိုးရဖြစ်သော ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ ပညာ ရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နေကြခြင်း ဖြစ်သည်။

ပြည်သူ့ပညာရေးကျောင်းများသည် ပြည်သူလူထု၏ အသိအမှတ်ပြုထောက်ခံချက် အပြည့်အဝဖြင့် တရားဝင်ဆောင်ရွက်နေသည့် ပညာရေးကျောင်းများဖြစ်ကြောင်း စစ်ကောင်စီကိုအသိပေးထားသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီအနေဖြင့် Kaung For You Education မှ ကျောင်းအုပ်ဆရာဖြစ်သူ ဦးကောင်းသိုက်စိုးကိုဖမ်းဆီးခဲ့ပြီး ကျောင်းမှတောင်းယူထားသည့်အချက်အလက်များကြောင့် တက် ရောက်နေသူများကို လိုက်လံဖမ်းဆီးမှုများပြုလုပ်နေသည့်အချိန်ဖြစ်သည်။

ဦးကောင်းသိုက်စိုးအပါအဝင် ဖမ်းဆီးခံခဲ့ရသည့်ဆရာများကို ပြည့်တန့်ဆာခန်းတွင်ဖမ်းမိခဲ့သည်ဟုဆိုပြီး စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများတွင် ကြေညာခဲ့သည်။

K4U ကျောင်းအုပ်ဆရာကြီးနှင့် ဆရာနှစ်ဦးအား မတရားဖမ်းဆီး၍ လူမှုရေး/ ငွေရေးကြေးရေးတို့ဖြင့် လုပ်ကြံစွပ်စွဲသိက္ခာချကာ ပြည်သူ့ပညာရေးယန္တရားတစ်ခုလုံးကို ဖြိုချဖျက်ဆီးရန်ကြိုးပမ်းခြင်းဖြစ် ကြောင်း BEGSC က ဆိုသည်။

BEGSC အဖွဲ့ဝင်ကျောင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက “ပြည်သူ့ပညာရေးယန္တရား နဲ့ CDM တွေကို သိက္ခာ ပိုင်းဆိုင်ရာ ငွေရေးကြေးရေး/လူမူရေးတွေနဲ့ ပြည်သူလူထုယုံကြည်မူကျဆင်းအောင်ရယ် ပြည်သူ့ ပညာရေးကို ဆက်မလုပ်နိုင်အောင်ကြေညာပြီး အကြောက်တရားရော သိက္ခတရားပါချနင်းပြီး ဆောင် ရွက်တယ် တိုက်ခိုက်တယ်လို့ မြင်ပါတယ်ဗျ” ဟုဆိုသည်။

ထို့အပြင် ကျောင်းသားကျောင်းသူများကို လိုက်လံဖမ်းဆီးနေခြင်းသည်လည်း Right to Education အရ လွတ်လပ်စွာပညာသင်ကြားခွင့်ကို ဥပဒေမဲ့ ပိတ်ပင်ဟန့်တား၍ မတရားဖိနှိပ်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...