ကျဆုံးသွားသော ပုလော PDF တပ်ခွဲမှူး၏ဖခင်ဖြစ်သူ ထားဝယ်တွင် ဖမ်းဆီးခံရ

ကျဆုံးသွားသော ပုလော PDF တပ်ခွဲမှူး၏ဖခင်ဖြစ်သူ ထားဝယ်တွင် ဖမ်းဆီးခံရ

ပုလော PDF မှ ကျဆုံးသွားသော တပ်ခွဲမှူး၏ဖခင်ဖြစ်သူ ဦးထွန်းမင်းလတ်အား စစ်ကောင်စီတပ်က တနင်္သာရီတိုင်း ထားဝယ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက် နေ့က ဖမ်းဆီးလိုက်ကြောင်း နီးစပ်သူများ ထံမှ သိရသည်။

ထားဝယ်မြို့ ဝဲကျွန်း လေသာ(၄)လမ်းရှိနေအိမ်တွင် စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခြင်းခံလိုက်ရသည့် ဦးထွန်းမင်းလတ်သည် ပုလောမြို့တွင်နေထိုင်သူဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ထားဝယ်မြို့သို့ ယာယီပြောင်းရွှေ့နေထိုင်စဉ် ယခုကဲ့သို့ စစ်ကောင်စီတပ်ကလာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မိသား စုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းနဲ့ နီးစပ်သူတစ်ဦးက “သူ့သားက ပုလောမြို့ ပ၀ကုန်းရွာတိုက်ပွဲမှာ စစ်တပ်ကစနိုက်ပါနဲ့ပစ်လို့ ကျဆုံး သွားတာပါ။ ထားဝယ်မှာ သားအတွက် ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ရည်စူးပြီး အလှူတန်းလုပ်တဲ့ ပုံတွေကို လူမှုကွန်ရက်ပေါ်မှာတင်ပြီးတဲ့နောက် အခုလို အဖမ်းခံလိုက်ရတယ်”ဟု ပြော သည်။

လက်ရှိ စစ်ကောင်စီ ဖမ်းဆီးလိုက်သည့် ပုလောဒေသခံ ဦးထွန်းမင်းလတ်သည် ယခင်က ပုလောမြို့တွင် ရှိနေစဉ် ပထမအကြိမ်ဖမ်းဆီးခြင်းခံရပြီးနောက် စစ်ကောင်စီကပြန်လွတ်ပေးခဲ့ကြောင်း သိရ သည်။

“PDF တပ်ခွဲမှူးစော်ဘွား ကျဆုံးတဲ့အချိန်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးက အလောင်းလာကောက်ဖို့ ဖခင် ဖြစ်သူကို ဖုန်းဆက်အကြောင်းကြားခဲ့သေးတယ်”လို့ မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောသည်။

လက်ရှိတွင် စစ်ကောင်စီက ဖမ်းဆီးခြင်းခံရသည့် ဦးထွန်းမင်းလတ်၏ဖုန်းမှတဆင့် ၎င်း၏ Facebook ကို အသုံးပြုပြီး ပြည်တွင်း/ ပြည်ပမှ အလှူရှင်များအား တော်လှန်ရေးအတွက် အလှူငွေများ လှူဒါန်းပေးရန် ဆက်သွယ်နေသဖြင့် အကြောင်းပြန်ခြင်းမပြုလုပ်ရန် အသိပေးထားကြောင်း သိရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...