ချောင်းအား ဖွင့်မပေးပါက စခန်းအနီးရှိကျေးရွာများ ပျက်စီးဆုံးရှုံးမှုဖြစ်လိမ့်မည်ဟု ကွီလုံတိုင်စခန်းရှိ စစ်ကောင်စီတပ်ခြိမ်းခြောက်

ချောင်းအား ဖွင့်မပေးပါက စခန်းအနီးရှိကျေးရွာများ ပျက်စီးဆုံးရှုံးမှုဖြစ်လိမ့်မည်ဟု ကွီလုံတိုင်စခန်းရှိ စစ်ကောင်စီတပ်ခြိမ်းခြောက်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ၊ နို့တကောမြို့နယ် ( ကြားအင်းဆိပ်ကြီး) မြို့နယ် ကွီလုံတိုင်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသုံးပြုနေသည့် ရေချောင်းအား ပိတ်ဆို့ထားခြင်းကို မဖွင့်ပေးပါက စခန်းအနီးတဝိုက်ရှိ ကျေးရွာများ ပျက်စီးဆုံးရှုံးမှု ဖြစ်လိမ့်မည်ဟု စစ်ကောင်စီ တပ်က ခြိမ်းခြောက်ပြောဆိုလိုက်သည်။

ရေချောင်းပိတ်ဆို့ထားမှုကို ပြန်လည်ဖွင့်ပေးရန်အတွက် ပြီးခဲ့သည့် ရက်ပိုင်းက ကွီလုံတိုင်စစ်ဆင်ရေးခြေကုပ်စခန်းရှိ စစ်ကောင်စီတပ် အမှတ် ၅၆ ခြေမြန်တပ်ရင်းက KNU တပ်ဖွဲ့ ဝင်များထံ ပေးပို့သော အသိပေးအကြောင်းကြားစာတွင် ထိုသို့ ရေးသားဖော်ပြထားခြင်းဖြစ်သည်။

ထိုအကြောင်းကြားစာတွင် ၎င်းတို့တပ်အနေဖြင့် ရေရရှိရေး မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စာရပြီးလျှင် ၃ ရက်အတွင်း အကြောင်းပြန်ပါရန်ကိုလည်း ရေးသားဖော်ပြထားသည်။

ကွီလုံတိုင်စစ်ဆင်ရေးခြေကုပ်စခန်းအပါအဝင် ဒေါနအရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီတပ်၏ စခန်းများကို လွန်ခဲ့သည့် လအနည်းငယ်မှစ၍ ကေအဲန်ယူတပ်ဖွဲ့ဝင်များက ရိက္ခာသယ်ယူပို့ဆောင်ရေး လမ်းကြောင်းနှင့် သောက်သုံးရေ ရရှိရေးလမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်ဟု မြေပြင်သတင်းအရ သိရသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...