ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံး

ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံး

ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့ ကန္တာရဝတီတိုင်း ( မ် ) ရဲ့ စာရင်းအရ သိရပါတယ်။

အဆိုပါ သေဆုံးသူ ၅ ဦးဟာ နန်းမယ်ခုံ မြို့နယ်အတွင်းက ဒေသခံတွေ ဖြစ်ပြီး ဧပြီလ ၂၃ ရက်နေ့ နဲ့ ၂၅ ရက်နေ့မှာ စစ်အုပ်စုရဲ့ လက်နက်ကြီး ၊ ဒရုန်းပစ်ခတ်မှုကြောင့် ထိမှန်သေဆုံးခဲ့ကြတာပါ။ 

စစ်အုပ်စုရဲ့ တိုက်ခိုက်မှုအပြင် စစ်ဘေးရှောင်အမျိုးသမီးတဦးလည်း လက်နက်ကြီးအသံကြောင့် လန့်ပြီး သေဆုံးခဲ့ရတယ်လို့ ကရင်နီလူ့အခွင့်အရေး (KnHRG) အဖွဲ့ တည်ထောင်သူ ဦးဗညားက အခုလိုပြောပါတယ်။

“လီဝိုးကျေးရွာတုန်းက ဒရုန်းနဲ့ ထိတာက ၆ ဦး ၊ ၄ ဦးသေဆုံးသွားပြီး ကျန် နှစ်ဦး ဆေးရုံမှာ။ အဖွားတစ်ယောက်ကတော့ လန့်ပြီး သေသွားတာ ။ ကျား ၃ဦး နဲ့ အမျိုးသမီး ၂ဦး သေဆုံးပေါ့။ “လို့ ဦးဗညားက ဆိုပါတယ်။

ဧပြီလအတွင်း စစ်အုပ်စုက ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို လက်နက်ကြီး အလုံးရေ ၁၀ လုံးခန့် ပစ်ခတ်ခဲ့ပါသေးတယ်။ အလားတူ ဖရူဆို နဲ့ မော်ချီးဒေသကိုလည်း ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူနေအိမ်ထိမှန်ပျက်စီးတာ ၊ လူထိခိုက်မှုလည်း ရှိခဲ့ပါတယ်။

‎စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေဖက်ကို လက်နက်ကြီး ၊ ဒရုန်းနဲ့ ပစ်ခတ်တာ ဧပြီလအတွင်း ခပ်စိတ်စိတ်ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

စစ်တပ် အာဏာစသိမ်းချိန်ကနေ လက်ရှိ ၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ အာဏာသိမ်းကာလ ၅ နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် ပြည်သူ ၈၀၀၀ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှ စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်။ - ပုံဟောင်း / Crd
September 1, 2026
ကရင်နီပြည်တွင် တွေ့ရှိရသည့် မြေပြင်အခြေအနေများနှင့် တရားရုံးသို့ တက်လာသည့် အမှုအခင်းများကြောင့်...
ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...