ချောင်းအား ဖွင့်မပေးပါက စခန်းအနီးရှိကျေးရွာများ ပျက်စီးဆုံးရှုံးမှုဖြစ်လိမ့်မည်ဟု ကွီလုံတိုင်စခန်းရှိ စစ်ကောင်စီတပ်ခြိမ်းခြောက်

ချောင်းအား ဖွင့်မပေးပါက စခန်းအနီးရှိကျေးရွာများ ပျက်စီးဆုံးရှုံးမှုဖြစ်လိမ့်မည်ဟု ကွီလုံတိုင်စခန်းရှိ စစ်ကောင်စီတပ်ခြိမ်းခြောက်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ၊ နို့တကောမြို့နယ် ( ကြားအင်းဆိပ်ကြီး) မြို့နယ် ကွီလုံတိုင်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသုံးပြုနေသည့် ရေချောင်းအား ပိတ်ဆို့ထားခြင်းကို မဖွင့်ပေးပါက စခန်းအနီးတဝိုက်ရှိ ကျေးရွာများ ပျက်စီးဆုံးရှုံးမှု ဖြစ်လိမ့်မည်ဟု စစ်ကောင်စီ တပ်က ခြိမ်းခြောက်ပြောဆိုလိုက်သည်။

ရေချောင်းပိတ်ဆို့ထားမှုကို ပြန်လည်ဖွင့်ပေးရန်အတွက် ပြီးခဲ့သည့် ရက်ပိုင်းက ကွီလုံတိုင်စစ်ဆင်ရေးခြေကုပ်စခန်းရှိ စစ်ကောင်စီတပ် အမှတ် ၅၆ ခြေမြန်တပ်ရင်းက KNU တပ်ဖွဲ့ ဝင်များထံ ပေးပို့သော အသိပေးအကြောင်းကြားစာတွင် ထိုသို့ ရေးသားဖော်ပြထားခြင်းဖြစ်သည်။

ထိုအကြောင်းကြားစာတွင် ၎င်းတို့တပ်အနေဖြင့် ရေရရှိရေး မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စာရပြီးလျှင် ၃ ရက်အတွင်း အကြောင်းပြန်ပါရန်ကိုလည်း ရေးသားဖော်ပြထားသည်။

ကွီလုံတိုင်စစ်ဆင်ရေးခြေကုပ်စခန်းအပါအဝင် ဒေါနအရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီတပ်၏ စခန်းများကို လွန်ခဲ့သည့် လအနည်းငယ်မှစ၍ ကေအဲန်ယူတပ်ဖွဲ့ဝင်များက ရိက္ခာသယ်ယူပို့ဆောင်ရေး လမ်းကြောင်းနှင့် သောက်သုံးရေ ရရှိရေးလမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်ဟု မြေပြင်သတင်းအရ သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...