ဖလမ်းမြို့နယ် လေကြောင်းဗုံးကြဲခံရ၍ ကလေးအပါ ပြည်သူ ၆ ဦးသေဆုံး

ဖလမ်းမြို့နယ် လေကြောင်းဗုံးကြဲခံရ၍ ကလေးအပါ ပြည်သူ ၆ ဦးသေဆုံး

အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို စစ်ကော်မရှင်တပ်ဖွဲ့က မေလ ၁ ရက်နေ့ နေ့လယ်ပိုင်း ၃ နာရီလောက်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး အမြောက်အများ ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒေသခံတစ်ဦးက  “ ဂျက်ဖိုက်တာတစ်စီးနဲ့ ကြဲသွားတယ်။ ရွာလယ်တည့်တည့်ကို ကြဲသွားတာမျိုးဖြစ်တယ်။ အဲဒီမှာ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၆ ဦးသေဆုံးသွားတယ်။ ၉ ဦးလောက်ဒဏ်ရာရတယ်လို့သိရတယ်။ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးတာရှိတယ်။ တိုက်ပွဲဖြစ်တာမျိုးလည်း မရှိဘဲနဲ့ အခုလိုတိုက်ပွဲနဲ့ မဆိုင်တဲ့ အရပ်သားပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ရပ်သင့်နေပြီ” လို့ပြောပါတယ်။ 

အဲဒီနေ့ နေ့လယ်မှာ စစ်ကော်မရှင်ဗုံးကြဲတိုက်ခိုက်သွားတဲ့ Khawpuichhip ကျေးရွာမှာ မြေပြင်တိုက်ပွဲဖြစ်ပွားနေခြင်းမျိုးလည်း မရှိဘဲ အခုလို အကြောင်းမဲ့သက်သက် အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်သွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Khawpuichhip ကျေးရွာဟာ အိမ် ၂၀ ဝန်းကျင်ကနေ  ၃၀ ဝန်းကျင်သာရှိတဲ့ အိန္ဒိယ - မြန်မာနယ်စပ် အနီးမှာတည်ရှိတဲ့ ရွာဖြစ်ပြီး ဖလမ်း - ရိခေါဒါရ်လမ်းမကြီးပေါ်မှာ တည်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။

Most read this week

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...