ကရင်နီအမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနား အကျဥ်းချုပ် ကျင်းပခြင်း

ကရင်နီအမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနား အကျဥ်းချုပ် ကျင်းပခြင်း

ကရင်နီနှစ် ၂၇၆၁ခုနှစ် လဲဟျာလ၊ လဆန်း ၁ရက်နေ့ ( ခရစ်နှစ် ၂၀၂၂ခုနှစ် ဧပြီလ ၁ ရက်နေ့) မှာ ကျရောက်တဲ့ ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရုံးမှာ ဒီကနေ့ ဧပြီလ ၁ရက်နေ့ မနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အစီအစဥ်အရ ကရင်နီအမျိုးသားအလံတော်အား အလေးပြုခြင်းနှင့် ကရင်နီအမျိုးသားသီချင်းသီဆိုခြင်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဥက္ကဌ ခူဦးရယ်မှမိန့်ခွန်းပြောကြားခြင်း၊ ကရင်နီအမျိုးသားနှစ်သစ်ကူးနောက်ခံသမိုင်းအကျဥ်းအား ကရင်နီဘာသာ၊ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာဖြင့် ဖတ်ကြားခြင်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဥက္ကဌ၏ သဝဏ်လွှာဖတ်ကြားခြင်း၊ ဝတ်ပြုဆုတောင်းခြင်း၊ နှစ်သစ်မင်္ဂလာရေဖြင့် ပက်ဖြန်းခြင်း တို့ကို ဆောင်ရွက်ခဲ့ပါတယ်။

ဓာတ်ပုံ - ကန္တာရဝတီတိုင်း(မ်)

May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...