ကရင်နီအမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနား အကျဥ်းချုပ် ကျင်းပခြင်း

ကရင်နီအမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနား အကျဥ်းချုပ် ကျင်းပခြင်း

ကရင်နီနှစ် ၂၇၆၁ခုနှစ် လဲဟျာလ၊ လဆန်း ၁ရက်နေ့ ( ခရစ်နှစ် ၂၀၂၂ခုနှစ် ဧပြီလ ၁ ရက်နေ့) မှာ ကျရောက်တဲ့ ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရုံးမှာ ဒီကနေ့ ဧပြီလ ၁ရက်နေ့ မနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အစီအစဥ်အရ ကရင်နီအမျိုးသားအလံတော်အား အလေးပြုခြင်းနှင့် ကရင်နီအမျိုးသားသီချင်းသီဆိုခြင်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဥက္ကဌ ခူဦးရယ်မှမိန့်ခွန်းပြောကြားခြင်း၊ ကရင်နီအမျိုးသားနှစ်သစ်ကူးနောက်ခံသမိုင်းအကျဥ်းအား ကရင်နီဘာသာ၊ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာဖြင့် ဖတ်ကြားခြင်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဥက္ကဌ၏ သဝဏ်လွှာဖတ်ကြားခြင်း၊ ဝတ်ပြုဆုတောင်းခြင်း၊ နှစ်သစ်မင်္ဂလာရေဖြင့် ပက်ဖြန်းခြင်း တို့ကို ဆောင်ရွက်ခဲ့ပါတယ်။

ဓာတ်ပုံ - ကန္တာရဝတီတိုင်း(မ်)

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...