ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်ရဲ့ ဈာပနာအခမ်းအနား KNDF ခေါင်းဆောင်များတက်ရောက်

ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်ရဲ့ ဈာပနာအခမ်းအနား KNDF ခေါင်းဆောင်များတက်ရောက်

ယမန်နေ့က ပြုလုပ်ခဲ့တဲ့ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်ရဲ့ ဈာပနာအခမ်းအနားကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ခေါင်းဆောင်များလည်း တက်ရောက်ခဲ့တယ်လို့ KNDF က ဒီကနေ့ မတ်လ ၃၀ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ အခြားသော မဟာမိတ်အဖွဲ့အစည်းတို့မှ ခေါင်းဆောင်ကြီးတွေ၊ ကိုးကန့် ပြည်သူများနဲ့အတူ လွမ်းသူပန်းခွေချပြီး တက်ရောက်ဂါရဝပြုခဲ့တယ်လို့ သိရပါတယ်။

ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်ရဲ့ ဈာပနာအခမ်းအနားကို ရှမ်းပြည်နယ် မိုင်းလားမြို့မှာ မတ်လ ၂၉ရက်နေ့မှ စတင်ပြီး သုံးရက်ကြာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပထမနေ့ ဈာပနာအခမ်းအနားမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအပါအဝင် လူဦးရေ ၃ ထောင်ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာအမျိုးသားဒီမိုကရက်မဟာမိတ်တပ်မတော် (MNDAA)ကို တည်ထောင်ခဲ့တဲ့ ဦးဖုန်ကြားရှင်ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ရက်နေ့က မိုင်းလားမြို့မှာ လူကြီးရောဂါနဲ့ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၉၄ နှစ်ရှိပြီလို့ သိရပါတယ်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...