ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်ရဲ့ ဈာပနာအခမ်းအနား KNDF ခေါင်းဆောင်များတက်ရောက်

ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်ရဲ့ ဈာပနာအခမ်းအနား KNDF ခေါင်းဆောင်များတက်ရောက်

ယမန်နေ့က ပြုလုပ်ခဲ့တဲ့ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်ရဲ့ ဈာပနာအခမ်းအနားကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ခေါင်းဆောင်များလည်း တက်ရောက်ခဲ့တယ်လို့ KNDF က ဒီကနေ့ မတ်လ ၃၀ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ အခြားသော မဟာမိတ်အဖွဲ့အစည်းတို့မှ ခေါင်းဆောင်ကြီးတွေ၊ ကိုးကန့် ပြည်သူများနဲ့အတူ လွမ်းသူပန်းခွေချပြီး တက်ရောက်ဂါရဝပြုခဲ့တယ်လို့ သိရပါတယ်။

ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်ရဲ့ ဈာပနာအခမ်းအနားကို ရှမ်းပြည်နယ် မိုင်းလားမြို့မှာ မတ်လ ၂၉ရက်နေ့မှ စတင်ပြီး သုံးရက်ကြာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပထမနေ့ ဈာပနာအခမ်းအနားမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအပါအဝင် လူဦးရေ ၃ ထောင်ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာအမျိုးသားဒီမိုကရက်မဟာမိတ်တပ်မတော် (MNDAA)ကို တည်ထောင်ခဲ့တဲ့ ဦးဖုန်ကြားရှင်ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ရက်နေ့က မိုင်းလားမြို့မှာ လူကြီးရောဂါနဲ့ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၉၄ နှစ်ရှိပြီလို့ သိရပါတယ်။

Most read this week

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...