ဟိုပင်မြို့မှာစစ်ကောင်စီတပ်တွေသေနတ်ပစ်ခတ်ခြောက်လှန့်

ဟိုပင်မြို့မှာစစ်ကောင်စီတပ်တွေသေနတ်ပစ်ခတ်ခြောက်လှန့်

မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ မတ်လ(၁)ရက်နေ့ ညသန်းခေါင်အချိန်မှာ  စစ်ကောင်စီတပ်တွေက သေနတ်ပစ်ခတ်ခြောက်လှန့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ အသံက ကျယ်တယ် ၊ တော်တော်ကိုကျယ်တယ်။ ကြားမိတာကတော့ မြို့ကိုပတ်ပြီးတော့ ပစ်တယ်လို့ကြားတယ်။ နန့်ရင်းဘက်မှာလည်းပစ်တယ်။ ဘယ်အချိန်လောက်ငြိမ်သွားတာလဲဆိုတော့  ၁၁ ခွဲ ၁၂ လောက်ထင်တယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မနေ့က ဟိုပင် PDF တွေအနေနဲ့လည်း လှုပ်ရှားမှုတစ်စုံတစ်ရာမရှိကြောင်းသိရပါတယ်။

ဒီလိုပစ်ခတ်မှုတွေကြောင့် ဘာအတွက်ကြောင့်ဆိုတာသေချာမသိရပဲ မြို့ပတ်ပြီးတော့ ပစ်ခတ်တာဖြစ်ပြီး ည(၁၂) ဝန်းကျင်မှာ အသံတိတ်ဆိတ်သွားကြောင်းသိရပါတယ်။

စစ်ကောင်စီတပ်တွေက ဒီလိုပစ်ခတ်မှုတွေမကြာခဏပြုလုပ်ပေမယ့်လည်း မနေ့က ပစ်ခတ်မှုက အသံပိုကျယ်ပြီး အချက်ရေပိုများတယ်လို့ဆိုပါတယ်။

ဟိုပင်မြို့အရှေ့ဘက် နန့်ရင်းဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိခဲ့ဖူးပါတယ်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...