ဟိုပင်မြို့မှာစစ်ကောင်စီတပ်တွေသေနတ်ပစ်ခတ်ခြောက်လှန့်

ဟိုပင်မြို့မှာစစ်ကောင်စီတပ်တွေသေနတ်ပစ်ခတ်ခြောက်လှန့်

မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ မတ်လ(၁)ရက်နေ့ ညသန်းခေါင်အချိန်မှာ  စစ်ကောင်စီတပ်တွေက သေနတ်ပစ်ခတ်ခြောက်လှန့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ အသံက ကျယ်တယ် ၊ တော်တော်ကိုကျယ်တယ်။ ကြားမိတာကတော့ မြို့ကိုပတ်ပြီးတော့ ပစ်တယ်လို့ကြားတယ်။ နန့်ရင်းဘက်မှာလည်းပစ်တယ်။ ဘယ်အချိန်လောက်ငြိမ်သွားတာလဲဆိုတော့  ၁၁ ခွဲ ၁၂ လောက်ထင်တယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မနေ့က ဟိုပင် PDF တွေအနေနဲ့လည်း လှုပ်ရှားမှုတစ်စုံတစ်ရာမရှိကြောင်းသိရပါတယ်။

ဒီလိုပစ်ခတ်မှုတွေကြောင့် ဘာအတွက်ကြောင့်ဆိုတာသေချာမသိရပဲ မြို့ပတ်ပြီးတော့ ပစ်ခတ်တာဖြစ်ပြီး ည(၁၂) ဝန်းကျင်မှာ အသံတိတ်ဆိတ်သွားကြောင်းသိရပါတယ်။

စစ်ကောင်စီတပ်တွေက ဒီလိုပစ်ခတ်မှုတွေမကြာခဏပြုလုပ်ပေမယ့်လည်း မနေ့က ပစ်ခတ်မှုက အသံပိုကျယ်ပြီး အချက်ရေပိုများတယ်လို့ဆိုပါတယ်။

ဟိုပင်မြို့အရှေ့ဘက် နန့်ရင်းဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိခဲ့ဖူးပါတယ်။

August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...