မြဝတီမှ ထိုင်းကုန်စည်များကို စစ်အုပ်စုတပ် ပိုမိုတင်းကြပ် ဖမ်းဆီး

မြဝတီမှ ထိုင်းကုန်စည်များကို စစ်အုပ်စုတပ် ပိုမိုတင်းကြပ် ဖမ်းဆီး
(ဓာတ်ပုံ - CJ / Crd)
(ဓာတ်ပုံ - CJ / Crd)

ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်မှ တင်သွင်းလာသည့် ထိုင်းကုန်စည်များကို စစ်အုပ်စုတပ်က ပိုမိုတင်းကျပ်စွာ စစ်ဆေးဖမ်းဆီး သိမ်းဆည်းမှုများ ပြုလုပ်လာသည့်အတွက် ကုန်သည်များနှင့် ကုန်တင်မော်တော်ယာဥ်မောင်း များ အကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

စစ်အုပ်စုတပ်နှင့် အပစ်ရပ်ထားသည့် ကရင်လက်နက်ကိုင်အဖွဲ့ဝင်များ၏ အကူအညီဖြင့် နယ်စပ်မှ ပြည်တွင်းသို့ ထိုင်းကုန်စည်များ သွင်းယူရာတွင် ပါဝင်သည့် ကုန်သည်များ၊ ကားသမားများနှင့် လမ်းကြောင်းရှင်းပေးသည့် လက်နက်ကိုင်အဖွဲ့ဝင်များကို တရားမဝင် ကုန်သွယ်မှုဖြင့် စစ်အုပ်စုတပ်က ဖမ်းဆီးအရေးယူမှုများ ဆက်တိုက် ပြုလုပ်လာခဲ့ပြီးနောက် အဆိုပါ စိုးရိမ်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

မြဝတီ-ဖားအံ ကုန်စည်ပို့ဆောင်နေသည့် ကုန်သည်တစ်ဦးက “ကားထုတ်ပေးတဲ့ အေးဂျင့်တွေရော၊ ကားသမား တွေရော အကုန်လုံးဖမ်းလိုက်ပြီ။ ၂ နှစ်၊ ၃ နှစ်တွေ ထောင်ကျခံထိတယ်။ အခုက အဖွဲ့အစည်းနဲ့ ပတ်သက်လည်း ဘာမှမထူးဘူး။ သိမ်းရင် လူရော၊ ပစ္စည်းရော၊ ကားရော အပြီးပဲ။ အဖွဲ့အစည်းကလည်း ဘာမှလိုက်ထုတ်ပေး လို့ မရဘူး” ဟု ပြောသည်။

စစ်အုပ်စုတပ်ဘက်က ထိုင်းကုန်စည် တင်သွင်းမှုကို ကန့်သတ်ဖမ်းဆီးမှုများ ပြုလုပ်နေသည့်ကြားမှ ဒေသခံများ သည် မှောင်ခိုလမ်းကြောင်းများမှတစ်ဆင့် လက်နက်ကိုင်အဖွဲ့များကို အားကိုး၍ သယ်ယူနေကြရခြင်း ဖြစ် သည်။

ထို့ကဲ့သို့ စစ်ဆေးရေး လမ်းကြောင်းများ ပိုမိုကြပ်တည်းလာသည့်အတွက် ကုန်ကားများမှာ လမ်းခရီးကြန့်ကြာ ပြီး တောထဲသို့ ၂ ညမှ ၃ ညအထိ ညအိပ် စောင့်ဆိုင်းခဲ့ရမှုများ ရှိနေကြောင်း ကုန်တင်ယာဉ်မောင်းများက ပြော သည်။

အဆိုပါ လမ်းခရီးကြန့်ကြာသည့်အတွက် လမ်းစရိတ်နှင့် စားစရိတ်များ ပိုမိုကုန်ကျလာသော်လည်း ကုန်ဈေးနှုန်း မှာ ကုန်ကျစရိတ်နှင့် မမျှသည့်အတွက် အမြတ်မကျန်တော့ဘဲ စားဝတ်နေရေးအတွက်သာ လုပ်ကိုင်နေရ ကြောင်း အခြား ကုန်သည်တစ်ဦးက ဆိုသည်။

“လမ်းကြောင်းမကောင်းရင် လေးငါးရက်ကြာတော့ စားရိတ်ထောင်းတာပေါ့။ ကုန်ကလည်း ဈေးမှမတက် တာ။ မကိုက်ဘူး၊ စားဖို့လောက်ပဲ ကျန်တယ်” ဟု ပြောသည်။

လက်ရှိတွင် ထိုင်းကုန်စည် တင်သွင်းမှုကို ဆက်လက်ပိတ်ဆို့ ဖမ်းဆီးနေသည့်အတွက် စားသောက်ကုန်နှင့် လူသုံး ကုန် ပစ္စည်းများ သယ်ယူရောင်းဝယ်ရာတွင် အခက်အခဲများ ပိုမိုများပြားလာပြီး ပြည်တွင်းသို့ ကုန်စည်စီးဆင်းမှု ထိခိုက်လာကာ အခြေခံစားသုံးသူ ပြည်သူများအပေါ်သို့ ရိုက်ခတ်မှုများ သက်ရောက်လာနိုင်ကြောင်း ကုန်သည် များက သုံးသပ်ကြသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကုန်တင်ယာဥ်များ ဖမ်းဆီးခံရသည့် ဖြစ်စဉ်များအတွင်း ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) နှင့် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်အချို့ ပါဝင်နေသည့်အတွက် သက်ဆိုင်ရာ အဖွဲ့ အစည်းများအကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့သေးသည်။

September 10, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က...
September 10, 2026
ကရင်ပြည်၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မှ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ဆောင်သူ...
ဓာတ်ပုံ - Việt Nam News
September 7, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံ...
ဓာတ်ပုံ - (KNU)
September 7, 2026
မွန်ပြည်၊ ကေအဲန်ယူ-တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့...