မွန်တွင် စစ်အုပ်စု လက်အောက်ခံ ပြည်နယ်အစိုးရ လက်ထက် စည်ပင်ဝန်ဆောင်မှုများ ညံ့ဖျင်းနေဆဲ

မွန်တွင် စစ်အုပ်စု လက်အောက်ခံ ပြည်နယ်အစိုးရ လက်ထက် စည်ပင်ဝန်ဆောင်မှုများ ညံ့ဖျင်းနေဆဲ
ဓာတ်ပုံ - CJ / Crd
ဓာတ်ပုံ - CJ / Crd

မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း ပြည်နယ်အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး ၄ လကျော် ကာလ အထိ စည်ပင်သာယာရေး ဝန်ဆောင်မှုများမှာ ယိုယွင်းညံ့ဖျင်းနေဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်အုပ်စုတပ်သည် မွန်ပြည်အတွင်း ရွေးကောက်ပွဲ ပြုလုပ်ပြီးနောက် လွှတ်တော်ကို ပြီးခဲ့သည့် မတ်လ ၂၀ ရက် နေ့တွင် စတင်ခေါ်ယူခဲ့ပြီး ဧပြီလ ၇ ရက်နေ့၌ ဝန်ကြီးချုပ် အပါအဝင် သက်ဆိုင်ရာ ဌာနဝန်ကြီးများကို ရွေးချယ် ခွဲဝေခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စစ်အုပ်စုတပ် အသွင်ပြောင်း ပြည်နယ်အစိုးရ အပြောင်းအလဲ ဖြစ်ခဲ့သော်လည်း ရက် ၁၀၀ စီမံချက် အပါ အဝင် လက်ရှိအချိန်ထိ မွန်ပြည်နယ် စည်ပင်သာယာရေးဌာန၏ ဝန်ဆောင်မှုများမှာ ဆိုးရွားစွာ ညံ့ဖျင်းနေဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ပျက်စီးနေသည့် လမ်းများကို ပြင်ဆင်ပေးမှု မရှိခြင်း၊ အမှိုက်သိမ်းယာဉ်များ ရပ်ကွက်နှင့် ကျေးရွာ များအတွင်း ပုံမှန် လိုက်လံသိမ်းဆည်းပေးမှု မရှိခြင်းနှင့် ရေစီးရေလာ ကောင်းမွန်ရေး ရေမြောင်းများ ရှင်းလင်းပေးခြင်းတို့ကို လုံးဝ ဆောင်ရွက်ပေးခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

စည်ပင်ဌာနအနေဖြင့် အခွန်အမျိုးမျိုး ကောက်ခံနေသော်လည်း လမ်းပျက်စီးနေသည်များကို ပြင်ဆင်ပေးခြင်း မရှိဘဲ ကိုယ်ထူကိုယ်ထသာ လုပ်ဆောင်နေရကြောင်း ဒေသခံတစ်ဦးက သံလွင်တိုင်းမ်သို့ ပြောသည်။

“စည်ပင်ကတော့ဟို လမ်းတော့ မပြင်ဆင်ဘူးပေါ့နော်။ ဒါပေမယ့် စည်ပင်ခွန်တို့ စည်ပင်ကြေးတို့ မော်တော် ဆိုင်ကယ်ဆိုလည်း ဘီးခွန် စည်ပင်ခွန် အကုန်လုံး ကောက်နေတာပဲပေါ့နော်၊ အခု လမ်းတွေ ပျက်နေတာ တော် တော် ရုပ်ဆိုးတယ်၊ လမ်းတော်တော် များများက ပျက်စီးကုန်ပြီ။ ပျက်စီးကုန်ပြီးတော့လည်း ဘယ်သူမှ မလုပ် ပေးဘူး၊ တချို့ တချို့ကလည်း ကိုယ်ထူကိုယ်ထလေး လုပ်လိုက်တာ ရှိတယ်၊ အဲဒီ လုပ်တဲ့ဟာလည်း ခဏပပေါ့ နော်။ နည်းစနစ် မမှန်တာလည်း ပါတယ်ပေါ့နော်၊ စည်ပင်က အခုက ဘာတစ်ခုမှ မလုပ်ဘူးပေါ့နော်။”

ထို့ပြင် လက်ရှိတွင် လမ်းများ ပျက်စီးနေမှုအပေါ် စည်ပင်ဌာနက ပြုပြင်ပေးခြင်း မရှိသဖြင့် ဒေသခံများက တစ်နိုင်တစ်ပိုင် သာ လုပ်ဆောင်နေရသောကြောင့် ခဏခဏ ပြန်လည်ပျက်စီးကာ ယာဉ်အန္တရာယ်များနှင့်ပါ ကြုံတွေ့နေရကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိ မိုးရာသီကာလတွင် စည်ပင်ဌာနက လမ်းများကို ပြင်ဆင်ပေးခြင်း မရှိသည့်အတွက် လမ်းများ ပျက်စီး မှုများပြားနေပြီး အချို့ဆိုလျှင် လမ်းချိုင့်ခွက်များကြောင့် ထိခိုက်ဒဏ်ရာရသည်အထိ ကြုံတွေ့နေရကြောင်း အခြား ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ တစ်နေ့ ကတောင် ဟိုမှာ မိုးရွာလိုက်တော့ ချိုင့်ကြီးက ကြီးနေတယ်၊ ပြီးရင်တော့ ချိုင့်က ရေရှိတဲ့ အခါ ကျတော့ ချိုင့်မှန်း မသိတော့ အသက်ကြီးပိုင်း လင်မယား နှစ်ယောက် ဆိုင်ကယ် စီးလာတယ်။ စီးလာတဲ့အခါ ဒီချိုင့်က ရိုးရိုးရေတင်တယ်လောက်ဘဲ ထင်ပြီးတော့ မောင်းချလိုက်တာ နည်းနည်း အရှိန်လည်း ပါတော့ ချိုင့်ထဲ တအားကျတဲ့အခါကျတော့ ပိုးဆိုးပက်စက်ကို လဲတယ်လေ။ လဲတဲ့ အခါကျတော့ ပွန်းတယ် ပဲ့တယ်၊ ဒဏ်ရာတွေ ရတာပေါ့။”

လက်ရှိတွင် မိုးရာသီ ရောက်ရှိနေပြီဖြစ်ရာ ယာဉ်အန္တရာယ် မဖြစ်ပေါ်စေရေး လမ်းပျက်စီးမှုများကို ပြင်ဆင်ပေး ရန်၊ သွေးလွန်တုပ်ကွေးနှင့် ဝမ်းရောဂါများ မဖြစ်ပွားစေရန် ခြင်၊ ယင်များ ခိုအောင်းနိုင်သည့် အမှိုက်များကို ပုံမှန် သိမ်းဆည်းပေးရန် ဒေသခံများက လိုလားနေကြသည်။

ဒီမိုကရေစီ အစိုးရလက်ထက်တွင် မွန်ပြည်အတွင်း လမ်းပျက်စီးပါက နိုင်လွန်ကတ္တရာ သို့မဟုတ် ကွန်ကရစ် လမ်းများ ခင်းပေးခြင်း၊ အမှိုက်သိမ်းလုပ်ငန်းအတွက် အမှိုက်ကားများ တိုးချဲ့ဝယ်ယူပေးခြင်း စသည့် စည်ပင် ဝန်ဆောင်မှုများကို ထိရောက်စွာ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

မွန်ပြည်တွင် စစ်အာဏာသိမ်းသည့် ကာလမှစ၍ လက်ရှိ စစ်အုပ်စုတပ် အသွင်ပြောင်း အစိုးရလက်ထက်အထိ စည်ပင်သာယာရေးဌာန၏ ဝန်ဆောင်မှု လုပ်ငန်းများကို အခကြေးငွေ ထပ်မံပေးမှသာ ဆောင်ရွက်ပေးတော့ သလို တိုင်ကြားမှုများကိုလည်း အရေးတယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...
ဒေသတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်မော်တော်ယာဉ်အချို့ / Social Media
September 8, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀...
ဓာတ်ပုံ - MOI
September 7, 2026
တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်ရသည့် စစ်အရာရှိများအနေဖြင့် ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ...
ဓာတ်ပုံ - Social Media
September 5, 2026
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်၊ မြဝတီမြို့နယ်၊...