ဖားကန့်၌ မြန်မာ့စီးပွားရေးဘဏ် ပြန်ဖွင့်ရန် လွှတ်တော်ကိုယ်စားလှယ် တောင်းဆို

ဖားကန့်၌ မြန်မာ့စီးပွားရေးဘဏ် ပြန်ဖွင့်ရန် လွှတ်တော်ကိုယ်စားလှယ် တောင်းဆို
ဓာတ်ပုံ - ရှမ်းနီအသံ
ဓာတ်ပုံ - ရှမ်းနီအသံ

ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ လစာငွေ ထုတ် ယူရာတွင် အခက်အခဲများ ကြုံတွေ့နေရသဖြင့် ဘဏ်ပြန်လည်ဖွင့်လှစ်ပေးရန် ဖားကန့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသက်ပိုင်ထူးက ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြထားသည်။

ဩဂုတ်လ ၂၁ ရက်နေ့ရက်စွဲဖြင့် စာထုတ်ပြန် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး အစိုးရဝန်ထမ်းများ၏ လစဉ် လစာများ ထုတ်ပေးနိုင်ရေးအပြင် ဒေသခံများအနေဖြင့် အခွန်နှင့် အခြားပေးဆောင်ရမည့် ငွေကြေးများ ပေးဆောင်နိုင်ရေး၊ ဌာနဆိုင်ရာ ငွေပေးချေမှုနှင့် အစိုးရလုပ်ငန်းများ လုပ်ဆောင်ရာတွင် အချိန်ကြန့်ကြာမှုစသည့် အခက်အခဲများ ကြုံတွေ့နေရသောကြောင့်ဖြစ်ကြောင်း စာထဲတွင် ဖော်ပြထားသည်။

အဆိုပါ ဒေသ၌ အုပ်ချုပ်ရေးယန္တရားနှင့် ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍများ လည်ပတ်နေသော်လည်း ဝန်ထမ်းများ သည် လစာထုတ်ယူရန်အတွက် မြစ်ကြီးနားမြို့အထိ သွားရောက် ထုတ်ယူနေကြရသည်။

နယ်မြေလုံခြုံရေးနှင့် တိုက်ပွဲများကြောင့် ဘဏ်လုပ်ငန်းများကို ယာယီ ရပ်ဆိုင်းထားရခြင်းဖြစ်ပြီး ဒေသခံများ၊ ဝန်ထမ်းများနှင့် အငြိမ်းစား ပင်စင်လခစားများအတွက် ငွေကြေးထုတ်ယူမှုနှင့် ဘဏ်ဝန်ဆောင်မှုများ ပြန်လည် အဆင်ပြေစေရန် တင်ပြရခြင်း ဖြစ်သည်ဟု ဆိုသည်။

သက်ကြီးရွယ်အို ပင်စင်စားများသည်လည်း အခြားမြို့များအထိ သွားရောက် ထုတ်ယူနေကြရပြီး လမ်းခရီး အခက်အခဲများကြောင့် သွားရောက် မထုတ်ယူနိုင်သည်များလည်း ရှိနေသည်။

ဝန်ထမ်းတစ်ဦးက “တစ်လစီ ထုတ်ချင်လည်းရတယ် လတွေပေါင်းပြီးတော့လည်း ထုတ်လို့ရတယ်လေ။ ပင်စင် ထုတ်ပေးတဲ့နေ့ ၂၁ ရက်ကနေ့စပြီး ကျန်းမာရေးရော စစ်ပေးတယ်လေ။ သုံးရက် စစ်ပေးတယ်၊ လိုအပ်တဲ့ဆေး တွေလည်း ပေးတာပေါ့” ဟု ပြောသည်။

ဖားကန့်မြို့နယ်ရှိ နယ်မြေအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် PDF ပူးပေါင်းတပ်များက ထိန်း ချုပ်ထားဆဲဖြစ်ပြီး မြို့ပေါ်နှင့် ဖားကန့်-ကာမိုင်း လမ်းပိုင်းပေါ်ရှိ ကျေးရွာများကို စစ်အုပ်စုတပ်က ထိန်းချုပ်ထား သည်။

ရှမ်းနီ အမျိုးသား ရိုးရာဝတ်စုံအမည် သတ်မှတ်ရေး အစည်းအဝေး ပြုလုပ်နေသည်ကို တွေ့ရစဉ်။ / Sai Aung Myo - ရှမ်းနီအသံ
September 18, 2026
ကချင်ပြည်ရှိ ရှမ်းနီ တိုင်းရင်းသားများ၏ အမျိုးသား ရိုးရာဝတ်စုံ (National Dress) အမည်...
Photo - Crd
September 17, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်း စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များ...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးကို တွေ့ရစဉ်။ / Crd)
September 16, 2026
မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး၌ ရောဂါ ၁၂ မျိုးကို အထူးကုဆရာဝန်ကြီးများ လာရောက်ကုသပေးမည်...
September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...